1. Home
  2. Movie Stars - Celebrity

ဇာတ်ကားထဲရုပ်ဆိုးပေမယ့် အပြင်မှာတကယ်လှနေတဲ့ မင်းသမီး(၈) ဦး

Movie Stars - Celebrity ส.ค. 30, 2562 view 1,703

မင်းသမီးက သာမန်ပုံစံမျိုးဖြစ်ပြီး မင်းသားက လုံးဝ perfect ဖြစ်နေတဲ့ ကိုးရီးယားဇာတ်လမ်းတွဲ တော်တော်များများကို ပရိတ်သတ်တွေ ကြည့်ဖူးကြမှာပါ။ ဇာတ်လမ်းတွဲတွေမှာ သာမန်ပုံစံမျိုးနဲ့ သရုပ်ဆောင်ထားပေမယ့် အပြင်မှာတော့ တကယ်လှတဲ့သူတွေပါ။ ဘယ်သူတွေဖြစ်မလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Suzy

Suzy ဟာ Uncontrollably fond ဇာတ်ကားမှာ နိုင်ငံကျော်သရုပ်ဆောင်ကိုမှ ချစ်မိသွားတဲ့ သာမန် သတင်းထောက်ကောင်မလေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားထဲမှာ သာမန်ဆိုပေမယ့် အပြင်မှာ သူမရဲ့ အလှက သာမန်ထက်တောက်ပနေတာကို မြင်တွေ့ရပါတယ်။

Jang Nara

Jang Nara ကတော့ “You’re my Destiny” ဇာတ်ကားမှာ သာမန်ရုပ်ရည်သာ ရှိတဲ့ အတွင်းရေးမှူးမလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ အမှန်တော့ Jang Nara ဟာလဲ ပင်ကိုယ်အလှနဲ့ ပြီးပြည့်စုံနေသူတစ်ဦးပါပဲ။

Han Hyo Joo

‘W’ ဇာတ်လမ်းတွဲမှာ Han Hyo Joo ဟာ ခွဲစိတ်ဖို့သာသိပြီး အလှအပရေးရာတွေလုပ်ဖို့ မေ့နေတဲ့ ဆရာဝန်မလေး အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားထဲမှာသာ အလှပြင်ဖို့ မေ့နေပေမယ့် အပြင်မှာတော့ အမှန်တကယ်လှတဲ့ သူမပါ။

Park Hasoon

Park Hasoon ကတော့ Drinking Solo ဇာတ်လမ်းတွဲမှာ သာမန် ကျောင်းဆရာမလေး အဖြစ်ပါဝင်သရုပ်ဆောင်ထားပေမဲ့ ပြင်ပမှာတော့ တည်ငြိမ်အေးချမ်းတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။

Park Bo Young

Park Bo Young ဟာ Abyss ဇာတ်လမ်းတွဲမှာ သာမန် ရုပ်ရည်သာရှိတဲ့ ရှေ့နေမလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအရ သာမန်ရုပ်ရည်ဆိုပေမယ့် အပြင်မှာတော့ တကယ်လှတဲ့ကောင်မလေးပါပဲ။

Lee Sung Kyung

“Weightlifting Fairy Kim Bok Ju”  (အလေးမ နတ်သမီးလေး ကင်မ်ဘို့ဂျို) ဇာတ်လမ်းတွဲ  မှာ Lee Sung Kyung ဟာ စားဖို့သာသိပြီး အလှအပရေးရာကို ဂရုမစိုက်တဲ့ အလေးမ ချန်ပီယံ အဖြစ် ပါဝင်သရုပ်ဆောင်ထားပေမယ့် ပြင်ပမှာတော့ အလှစစ်ကို ပိုင်ဆိုင်ထားတဲ့ နတ်သမီးလေး တစ်ပါးပါပဲ။

Seo Hyunjin

သရုပ်ဆောင် Seo Hyunjin ဟာ Another Miss Oh ဇာတ်ကားမှာ သာမန်မိန်းကလေး Oh Ha Young အဖြစ်ပါဝင်သရုပ်ဆောင်ထားပေမယ့် ပြင်ပမှာတော့ တည်ငြိမ်အေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူတစ်ဦးပဲဖြစ်ပါတယ်။

Mina

Girls’ Day အဖွဲ့ဝင် Mina ဟာ Beautiful Gong Shim ဇာတ်ကားမှာ ရုပ်ဆိုးဆိုး မိန်းကလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပေမယ့် ပြင်ပမှာ အမှန်တကယ် လှတဲ့ မိန်းကလေးတစ်ယောက်ပါ။

Ref:koreaboo

(ပိုပိုလေး)

 

 



Follow us on