1. Home
  2. Movie Stars - Celebrity

အညိုစင်လေးတွေက ပိုချောကြောင်း သက်သေပြနေတဲ့ idol (၅) ဦး

Movie Stars - Celebrity ก.ย. 02, 2562 view 1,603

တောင်ကိုးရီးယားက အနုပညာရှင်တွေဟာဆိုရင် အသားအရေလှတဲ့နေရာမှာ စံတင်ရလောက်တဲ့ သူတွေပါပဲ။ နှင်းပွင့်လေးလို ဖြူဆွတ်တဲ့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေရှိသလို ညိုညှက်ညှက်အသားအရေကို ပိုင်ဆိုင်ထားကြသူတွေလဲရှိပါတယ်။ အရမ်းမိမိုက်နေတဲ့ အညိုစင်လေးတွေက ဘယ်သူတွေဖြစ်မလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Tzuyu

Twice အဖွဲ့ဝင် Tzuyu ဟာ ထိုင်ဝမ်တရုတ်လူမျိုးဖြစ်ပြီး ညိုညက်ညက်အသားအရေကို ပိုင်ဆိုင်ထားသူတစ်ဦးပဲဖြစ်ပါတယ်။ အညိုရောင်အသားအရေကို ပိုင်ဆိုင်ထားပေမဲ့ အမြဲတောက်ပပြီး အထာကျနေတာကို မြင်တွေ့ရမှာပါ။

Seolhyun

AoA အဖွဲ့ဝင် Seolhyun ဟာ sexy ကျ လှပတဲ့ ကြော်ငြာမော်ဒယ်အဖြစ် နာမည်ကြီးသူတစ်ဦးပါ။ သူမရဲ့ ညိုညက်တဲ့ အသားအရေဟာ ဆွဲဆောင်မှုရှိလွန်းတာကြောင့် ပင်ကိုယ်အသားဖြူတဲ့သူတွေတောင် သူမလို အညိုရောင်အသားအရေမျိုး ပိုင်ဆိုင်ချင်လာတဲ့ အထိပါပဲ။

Kai

EXO အဖွဲ့ဝင် Kai ဟာ ချောကလက်ရောင် အသားအရေကိုပိုင်ဆိုင်ထားလို့ ပရိတ်သတ်တွေကြား Choco Jongin ဆိုပြီးနာမည်ကြီးသူတစ်ဦးပါပဲ။ Kai ရဲ့ အညိုရောင်ရှိတဲ့ အသားအရောင်ကလဲ တမူထူးခြားပြီး ဆွဲဆောင်မှုရှိနေတော့တာပါပဲ။

Jennie

Blackpink Jennie ဟာလဲ အညိုရောင်အသားအရေကို ပိုင်ဆိုင်ထားတဲ့ ကိုးရီးယားလူမျိုးတစ်ယောက်ပါ။ Jennie ရဲ့ အညိုရောင်ရှိတဲ့ အသားအရေကပဲ သူမကို တစ်မူထူးခြားစေတာ အမှန်ပါပဲ။

Song Mino

အထာကျလွန်းတဲ့ Winner အဖွဲ့ဝင် Song Mino ဟာလဲ အညိုရောင်အသားအရေကို ပိုင်ဆိုင်ထားပါတယ်။ Kai လိုပဲ Mino ကိုလဲ Choco Cupcake Mino ဆိုပြီး တင်စားခေါ်ဝေါ်ကြပါတယ်။

Sooyoung

Girls’ Generation အဖွဲ့ဝင် Soo young ဟာ အဖွဲ့ဝင်တွေထဲမှာ အညိုရောင်အသားအရေကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။ သူမရဲ့ ရှည်လျားတဲ့ ခြေထောက်နဲ့ အညိုရောင်အသားအရေက သူမ ပြီးပြည့်စုံနေရခြင်း အကြောင်းအရင်းပါပဲ။

(ပိုပိုလေး)



Follow us on