1. Home
  2. Movie Stars - Celebrity

BTS’s Jung Kook ကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဂျက်စတင်ဘီဘာ

Movie Stars - Celebrity ก.ย. 02, 2562 view 2,011

ကနေဒီယန် ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာကတော့ ပရိတ်သတ် မထင်မှတ်ထားတဲ့ လုပ်ရပ်တစ်ခုကို လုပ်ပြလိုက်ပါပြီ။ အဲ့ဒါကတော့ BTS အဖွဲ့မှ အငယ်ဆုံးလေး Jung Kook ကို twitter မှာမွေးနေ့ဆုတောင်းပေးလိုက်တာပါပဲ။ ဂျက်စတင်ဘီဘာဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက Coachella ပွဲအပြီးမှာ Blackpink အဖွဲ့ဝင် Lisa ကို အင်စတာဂရမ်မှာ Follow လုပ်ခဲ့ပြီး ကေပေါ့ပ် ကိုစိတ်ဝင်စားနေတယ်လို့ ယူဆရပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဂျက်စတင်ဘီဘာဟာ BTS official account ကို tag မချိတ်ဘဲ “ပျော်ရွှင်စရာမွေးနေ့ပါ #Jungkook သူတို့တွေ အဆင်သင့်မဖြစ်သေးဘူး ဒီပို့စ်ကို မြင်ပြီးရူးခါကုန်တော့မှာပဲ” ဆိုပြီး တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။ ဒီပို့စ်ကို Jung Kook မွေးနေ့ စက်တင်ဘာ ၁ ရက်နေ့မှာ တင်ခဲ့တာဖြစ်ပါတယ်။

Jung Kook ဟာ ဂျက်စတင်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ purpose ကို cover song သီဆိုဖူးပါတယ်။ တစ်ဖန် ဂျက်စတင်ဟာ တွစ်တာမှာ ‘They ain’t ready’  လို့ရေးခဲ့တာကြောင့် နှစ်ယောက် collaboration လုပ်မလား၊ ဒါမှမဟုတ် တစ်ဖွဲ့လုံးနဲ့ collaborate လုပ်မလားဆိုတာ စိတ်ဝင်စားနေကြပါပြီ။

BTS နဲ့ ဂျက်စတင်သာ သီချင်းအတူဆိုလို့ကတော့ ရူးခါလောက်အောင် ကောင်းမယ့် သီချင်းတစ်ပုဒ်ထွက်လာမှာပါ။

Ref:koreaboo

(ပိုပိုလေး)



Follow us on