1. Home
  2. Movie Stars - Celebrity

2021 မှာရွှေလက်တွဲဖို့ စီစဉ်နေကြပြီဖြစ်တဲ့ Kim Woo Bin နဲ့ Shin Min Ah

Movie Stars - Celebrity ก.ย. 04, 2562 view 1,643

တောင်ကိုးရီးယားရဲ့ လူတကာအားကျရတဲ့ မနဲ့မောင် နောက်တစ်တွဲကတော့ လက်ထပ်ဖို့ ပြင်ဆင်နေကြပြီပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ Kim Woo Bin နဲ့ Shin Min Ah ပါ။ Kim Woo Bin ဟာ Nasopahryngeal Cancer (ဦးနှောက်နဲ့ လည်ချောင်းဆိုင်ရာ ကင်ဆာရောဂါ ဝေဒနာ) ကိုခံစားနေရတာဖြစ်ပြီး မေလ၊၂၀၁၇ ကစလို့ အနုပညာအလုပ်တွေကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ မှာ Kim Woo Bin ကင်ဆာဆေးကုသမှုခံယူပြီး ရောဂါဝေဒနာ သက်သွာသွားပြီဖြစ်ကြောင်း ပရိတ်သတ်ကို အသိပေးခဲ့ပါတယ်။ Kim Woo Bin နေမကောင်း ဖြစ်နေစဉ်အတောအတွင်းမှာ ချစ်သူ Shin Min Ah နဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ ဂျိုအင်ဆောင်း၊ လီကွမ်ဆူး၊ ဆောင်ဂျွန်ကီ၊ D.O တို့က အနားမှာ ဖေးဖေးမမရှိခဲ့ကြတာဖြစ်လို့ အခုလို အမြန်ဆုံး နေပြန်ကောင်းလာတာပဲဖြစ်ပါတယ်။

ကင်မ်ဝူဘင်းကို ဂျိုအင်ဆောင်းနဲ့ လွန်ခဲ့တဲ့ (၄)လ လောက်က ဗုဒ္ဓမွေးနေ့ပွဲမှာ အတူမြင်တွေ့ခဲ့ရပြီး သူ့ရဲ့ အေဂျင်စီ Sidus HQ မှလဲ ဝူဘင်း ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

လက်ရှိမှာ Kim Woo Bin နဲ့ Shin Min Ah တို့ လက်ထပ်ကြတော့မယ့် အစီအစဉ်အစဉ်ကို အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတစ်ဦးက အောက်ပါအတိုင်းပြောပြလာပါတယ်။

“သူတို့နှစ်ယောက် ၂၀၂၀ မှာလက်ထပ်ဖို့ စီစဉ်ထားပေမဲ့ အခုတော့ ၂၀၂၁ ကိုရွေ့လိုက်ပါပြီ။ အသေးစိတ်ကိုတော့ ကင်မ်ဝူဘင်းဘက်က သူငယ်ချင်းတွေက သူ နေပြန်ကောင်းပြီး အလုပ်တွေ ပြန်လုပ်နိုင်တဲ့ အခြေအနေရောက်မှ ပရိတ်သတ်တွေကို အသိပေးမယ်လို့ပြောပါတယ်။ ” လို့ပြောကြားထားပါတယ်။

Kim Woo Bin နဲ့ Shin Min Ah တို့ဟာ ၂၀၁၆ ခုနှစ်မှာ စတွဲခဲ့ပြီး ရည်းစားသက်တမ်း (၃) နှစ် ရှိသွားပါပြီ။ Woo Bin ကင်ဆာဝေဒနာ ခံစားနေရပြီး အနုပညာအလုပ်တွေ ရပ်နားလိုက်ရလို့ နာမည်ကျသွားပေမဲ့ Shin Min Ah က အနားမှာ ဖေးဖပေးပြီး သူနေပြန်ကောင်းလာမယ့် အချိန်ကို စောင့်ဆိုင်းနေခဲ့ပါတယ်။ ဒါကြောင့်လဲ သေနိုင်လောက်တဲ့ ရောဂါကနေ အမြန်ဆုံးနေပြန်ကောင်းလာတယ်လို့ ဆိုရမှာပါပဲ။

Kim Woo Bin နဲ့ Shin Min Ah တို့ဟာ ငါးနှစ်ကြီး ငါးနှစ်ငယ်တဲ့ မနဲ့မောင်စုံတွဲတွေဖြစ်ပါတယ်။ လက်ရှိမှာ ဝူဘင်းက အသက် ၃၀၊ ရှင်မင်အ ကတော့ ၃၅ နှစ်ပါ။ Woo Bin နေပြန်ကောင်းလာတဲ့အချိန် လက်ထပ်ကြဖို့ ရည်ရွယ်ထားတာမို့ လာမယ့် ၂၀၂၁ မှာ လက်ထပ်ကြဖို့ ကြိုတင်စီစဉ်ထားကြတာဖြစ်ပါတယ်။ Woo Bin တစ်ယောက် အမြန်ဆုံး နေပြန်ကောင်းပြီး ချစ်တဲ့ သူနဲ့ပါ ပေါင်းဖက်ရတော့မယ်ဆိုတဲ့ သတင်းဟာ ဝမ်းသာစရာပါပဲနော်။ ဒီထက်ပိုမို ပျော်ရွှင်ရတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ရပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 

 



Follow us on