1. Home
  2. Movie Stars - Celebrity

တခြားမင်းသမီးတစ်ယောက်နဲ့ ဖောက်ပြန်နေတဲ့အကြောင်းပြောပြလာတဲ့ ဂူဟဲဆောင်းန်

Movie Stars - Celebrity ก.ย. 04, 2562 view 1,563

စက်တင်ဘာ ၄ ရက်နေ့မှာ Disptach မီဒီယာမှ ဂူဟဲဆောင်းန်ဟာ အန်ဂျယ်ဟွန်း Kakaotalk message တွေနဲ့ ပတ်သတ်ပြီး လီဆယ်ပြောဆိုတာဖြစ်ကြောင်း သတင်းထုတ်လွှင့်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဂူဟဲဆောင်းန်ဘက်နေလဲ ပြန်လည်ဖြေရှင်းထားပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဂူဟဲဆောင်းက အန်ဂျယ်ဟွန်း အမျိုးသမီး CEO နဲ့ Kakaotalk မှာ သူမ မကောင်းကြောင်းကို အတင်းပြောတယ်လို့ အင်စတာဂရမ်မှာတင်ခဲ့တာပါ။ ဒါကို Dispatch က ဂူဟဲဆောင်းန် လုပ်ကြံပြောဆိုနေတယ်လို့ ထုတ်ပြန်လာတဲ့အခါ ဂူဟဲဆောင်းန် ဘက်ကနေ အောက်ပါအတိုင်း တုန့်ပြန်လာပါတယ်။

“Dispatch ကပြောတဲ့ results လား? အန်ဂျယ်ဟွန်းဟာ ဒီနှစ်ထဲ ဖုန်းနံပါတ် သုံးခုလောက်ပြောင်းသုံးခဲ့ပါတယ်။ ကွာရှင်းဖို့အတွက်အကြောင်းအရင်းရှာနေတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ သူနဲ့အတူ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖူးတဲ့ မင်းသမီးနဲ့ ဖောက်ပြန်နေတယ်ဆိုတဲ့ သတင်းတွေကြားပေမဲ့ သူ့ကို ယုံကြည်ဖို့အပြင် ဘာမှမတတ်နိုင်ခဲ့ဘူး။

 

ကျွန်မကို အမြဲတမ်း ဆက်သွယ်လေ့မရှိသလို ကျွန်မဆက်သွယ်တဲ့အခါတိုင်းမှာလဲ အလုပ်ရှုပ်နေတယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ အဲ့မင်းသမီးနဲ့ကျ  မက်ဆေ့ခ်ျတွေလဲပို့နေခဲ့တယ် အတူရယ်မောနေတာကိုလဲ မြင်ခဲ့ဖူးတယ်။ ကျွန်မ အရမ်းနာကျင်ခဲ့ရပြီး သစ္စာဖောက်ခံရသလို ခံစားခဲ့ရတယ်။ ဒါကြောင့် စိတ်တည်ငြိမ်အောင် အရင် ကြိုးစားကြည့်တယ်။

သူနဲ့ ဟိုမင်းသမီး ဟိုတယ်မှာ တွေ့ပြီး ညလယ်စာစားနေတဲ့ ဓာတ်ပုံတွေ ကျွန်မဆီမှာရှိတယ်။ နှစ်ယောက်လုံးကို ရေချိုးခန်းဝတ်စုံတွေနဲ့ တွေ့ခဲ့တာပါ။ ဒီဓာတ်ပုံတွေကို ကျွန်မနဲ့သူ လက်ထပ်ပြီးတဲ့ အချိန်ထိ သူ့ကွန်ပျူတာမှာမကြာခဏ တွေ့နေရတုန်းပါပဲ။ တကယ်လို့ အမှုရင်ဆိုင်ရမယ်ဆိုရင် ဒါကို သက်သေအဖြစ် တရားရုံးမှာ ချပြသွားမှာပါ။” ဆိုပြီး ပြောပြသွားပါတယ်။

Ref:allkpop

(ပိုပိုလေး)

 

 



Follow us on