1. Home
  2. Woman To Woman

၅မိနစ်အချိန်အတွင်းမှာ ကိုယ်ကိုကိုယ်စိတ်စွမ်းအင် ပြန်တက်အောင်ပြုလုပ်နည်း

Woman To Woman ก.ย. 07, 2558 view 1,617

ပထမဦးဆုံးပြုလုပ်နိုင်တာကတော့ ကိုယ်ရဲ့အိပ်ရာကိုကြည့်ကောင်းအောင်ပြုလုပ်ပေးရပါမယ် နေစဉ် ကိုယ့်ရဲအိပ်ရာကို သပ်ရပ်နေအောင်ပြုလုပ်ပေးရပါမယ်။ သရေစာ ကို ယူဆောင်ပေးရပါမယ် ရုံးသွားခါနီးကျောင်းသွားခါနီး အချိန်မျိုးမှာဆိုရင် ကိုယ့်ရဲ့မနက်ခင်းမှာ ဆိုရင် အိမ်တံခါးဝ ကနေမထွက်ခင်ကိုယ့်ရဲ့ အိတ်တွေထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာ ကိုဆောင်သွားပါ ။

အထူးသဖြင့် သစ်သီး ၊ ဆားမပါတဲ့ အခွံမာစေ့ ၊ ဒိန်ချဉ် ဒါလေးတွေကိုယူသွားပေးမယ်ဆိုရင် နေ့ခင်း ဗိုက်ဆာတဲ့အခါ ကိုယ်က အဆာပြေအဖြစ်လဲစားလို့ရတယ် စွမ်းအင်ကိုလဲတိုးစေနိုင်တဲ့ အစားအစာလေးတွေပါ။ အလုပ်စာပွဲကိုလဲရှင်းပေးရပါမယ် အလုပ်ခွင်ရောက်လို့ ကိုယ့်ရဲ့စာပွဲဟာညစ်ပက်နေမယ် ၊ကော်ဖီ အစွန်းအထင်းတွေနဲ့ပေနေမယ် စာရွက်တွေ ဟိုပြန့်ဒီပြန့်ဖြစ်နေမယ်ဆိုရင် ရုံးရောက်လာတဲ့အခါ စိတ်က မကြည်တော့ပဲစိတ်ကျေနပ်မှုမရှိဖြစ်တက်ပါတယ် ။ထို့ကြောင့် ရုံးရောက်တာနဲ့ ကိုယ့်ရဲ့ စာပွဲကိုအာရုံစူးစိုက်နိုင်စွမ်းကောင်းနိုင်တဲ့အချက်တချက်အဖြစ်ပြောင်းလဲ ဖန်တီးပေးရပါမယ်။ တေးသီချင်းကိုနားစဉ်ပါ သီးချင်းတွေ နားစဉ်ပေးတဲ့အတွက်ကြောင့် သွေးဖိအားကိုလျှော့ကျတာတွေ ၊စိတ်ဖိစီးမှု လျှော့ကျတာတွေနဲ့ ၊စိတ်ခံစားမှုကောင်းတဲ့ကောင်းကျိုးတွေ အများကြီး ၇ရှိနိုင်တယ် ။

ကျောင်းသွားတာပဲ ဖြစ်ဖြစ် ရုံးသွားတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ကားပေါ်မှာ မြူးကြွတဲ့ ကိုယ်နဲ့ လိုက်ဖက်မဲ့ သီချင်းလေးနားထောင်ပြိး သီချင်းလေးငြီးပြီးသွားမယ်ဆိုရင် ပျော်ရွှင်တဲ့စိတ်ခံစားမှုကို ရရှိစေနိုင်ပါတယ်။ ရနံ့ နဲ့ပြန်ပြီး ကုသခြင်း သံပုရာ အနံ့ကို ရှူပေးရပါမယ် စိတ်ဖိစီးမှုကိုချက်ခြင်းဖြေလျှော့တဲ့အခါ သံပုရာသီးကို ရှူလိုက်တဲ့အခါမှာပါဝင်တဲ့ ဓာတ်တွေက စိတ်ဖိစီးမှုကိုတုံ့ပြန်နိုင်စွမ်းရှိတယ်လို့ ဂျပန်လေ့လာသူတွေကတွေ့ရှိထားပါတယ်။ သံပုရာသီး အဆင်သင့်မရှိရင်တောင် ပင်စိမ်း ၊ လာဗင်ဒါ ရနံ့တွေကို ရှူရှိုက်ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုကိုလဲ လျှော့ပါးသက်သာစေနိုင်ပါတယ် ။

အကြောဆန့်ပေးရပါမယ် အားကစားဝတ်စုံမလိုပဲနဲ့ လုပ်တဲ့ လေ့ကျင့်ခန်းလို့တောင်ပြောလို့ရပါတယ် ။ လှုပ်ရှားမှုလေးတွေကိုအလွယ်တကူ လုပ်နိုင်ပါသေးတယ် ကိုယ့်ရဲ့လက်မောင်းတွေကိုခေါင်းပေါ်မှာအကြောဆန့်ပေးခြင်း ၊ ခြေထောက်တွေကို အကြောဆန့်ပေးခြင်းဖြင့်သွေးလည်ပတ်မှုကိုပြန်ပြီးတော့ကောင်းမွန်စေတယ် ၊ ခန္ဓာကိုယ်ကို ပျော့ပြောင်းသန်စွမ်းပြီးတော့ စိတ်ဖိစီးမှုကြောင့် တောင့်တင်းနေတဲ့ကိုယ့်ရဲ့ကြွက်သားတွေကိုပြေလျှော့စေနိုင်ပါတယ်။ တရားထိုင်ပေးရပါမယ် တရားထိုင်ပေးခြင်းဖြင့် အာရုံစူးစိုက်နိုင်စွမ်းတွေ ပိုပြီးကောင်းလာတာတွေ ၊ ဖန်တီးမှု အသစ်တွေရတာတွေ ကို ချက်ချင်းလက်ငင်းခံစားရစေနိုင်ပါတယ်။

လျှပ်စစ်ပစ္စည်းတွေကိုလဲ ပိတ်ပေးရပါမယ် ကွန်ပျူတာတွေ ၊ဖုန်းတွေ ၊ လျှပ်စစ် ပစ္စည်းတွေကိုခန ပိတ်ပြီး အိပ်စက်တာဟာ စွမ်းအင်တိုးစေနိုင်ပါတယ်။ အိပ်ရာမ၀င်ခင်မှာ လျှပ်စစ်ပစ္စည်းတွေကိုပိတ်ပြီး အကြောလျှော့ပေးအနားယူပေးခြင်းအားဖြင့် အိပ်မောကျစေပါတယ်။ ဒိုင်ယာရီ ရေးခြင်း အသက်ကြီးကြိး ငယ်ငယ် ဒိုင်ယာရီတော့ရေးပေးရပါမယ် ။ ကိုယ်တွေ့ကြုံ ရတဲ့ အကောင်းတွေ အဆိုးတွေ ကိုမှတ်တန်းတင်ရေးပေးခြင်းဖြင့် နောက်တနေ့မှာ အကောင်းမြင်မှုကိုရရှိစေနိုင်ပါတယ်။ ဦးစားပေးလုပ်ဆောင်ပါ နောက်တနေ့ ကိုယ်ဦးစားပေးလုပ်ဆောင်ရမည် များကို လုပ်ဆောင်ပေးခြင်းဖြင့် လုပ်သင့်တဲ့အကြောင်းအရာတွေကို အရင်ဆုံးလုပ်ဆောင်ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်လေးတွေကို လုပ်ဆောင်ပေးခြင်းဖြင့် ကိုယ့်ရဲ့ စိတ်စွမ်းအင်ကို တိုးတက်လာစေနိုင်မှာဖြစ်ပါတယ်။



Follow us on