1. Home
  2. Movie Stars - Celebrity

Youtube မှာ One Direction ကိုကျော်တက်သွားပြီဖြစ်တဲ့ Blackpink

Movie Stars - Celebrity ก.ย. 09, 2562 view 1,533

ကမ္ဘာကျော် ကေပေါ့ပ်အဆိုတော် Blackpink ဟာဆိုရင် အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေအထိပါ ပေါက်မြောက်အောင်မြင်တဲ့ Kpop အဆိုတော်အဖွဲ့ပဲဖြစ်ပါတယ်။ Blackpink ဟာ “Duu Du Duu Du” သီချင်းနဲ့အတူ ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ် အသိအမှတ်ပြုတာကို ခံခဲ့ရပါတယ်။ အခုဆိုရင် One Direction ကို ကျော်ပြီး Youtube မှာ Subcribers အများဆုံးရရှိထားပါပြီ။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Blackpink မတိုင်ခင် One Direction ဟာ Youtube မှာ Subcribers အများဆုံးရရှိထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်နေပါတယ်။ လက်ရှိမှာ One Direction က Subcribers 29,883,606 သန်း ရရှိထားပြီး Blackpink ကတော့ 29,889,031 သန်း ရရှိထားတာဖြစ်ပါတယ်။

Blackpink က 1D ထက် လူဦးရေ (၆)ထောင်ကျော် တိတိ Subcribers ရရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာ Blackpink ဟာ 1D, Ed Sheeran, Rhihanna, Eminen, Justin Bieber, Mashmellow, Ariana Grande, Taylor Swift, Katty Perry အစရှိတဲ့ ဟောလိဝုဒ် စတားတွေကို ကျော်ပြီး နံပါတ်(၁) နေရာရရှိထားတာပဲဖြစ်ပါတယ်။

Blackpink ဟာ ပြီးခဲ့တဲ့ ၂၀၁၈ Duu Du Duu Du သီချင်းထွက်ရှိပြီးနောက် Youtube Subcribers 9.3 သန်းရရှိထားပါတယ်။ ခုတော့ 29 သန်းကျော်ရှိတဲ့ subcribers တွေကို ရရှိထားပြီဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း လျှမ်းလျှမ်းတောက်အောင်မြင်နေပါပြီ။

Ref:koreaboo

(ပိုပိုလေး)



Follow us on