1. Home
  2. Movie Stars - Celebrity

နယူးယောက်မြို့က ပွဲတစ်ခုမှာပျော်ရွှင်စွာ ပြန်လည်မြင်တွေ့ရတဲ့ ဆောင်းဟယ်ကျို

Movie Stars - Celebrity ก.ย. 09, 2562 view 1,611

တောင်ကိုးရီးယားနိုင်ငံရဲ့ ထိပ်သီးစာရင်းဝင် မင်းသမီးတစ်လက်ဖြစ်တဲ့ ဆောင်းဟယ်ကျိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့၊ နယူးယောက်မြို့မှာ ကျင်းပပြုလုပ်တဲ့ ပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ ကွာရှင်းပြီးမှ ပိုပိုလှလာတဲ့ အစ်မ Kyo  ဒီပွဲမှာ ပျော်ရွှင်နေတာကို မြင်တွေ့ရမှာပါ။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဆောင်းဟယ်ကျိုဟာ ဇူလိုင်လ ၂၂ ရက်နေ့မှာ ခင်ပွန်းသည် ဆောင်းဂျွန်ကီနဲ့ ကွာရှင်းခဲ့ပြီး ကုန်ပစ္စည်း Brand တွေရဲ့ ကြော်ငြာမော်ဒယ်အဖြစ် ဆက်လက်ရပ်တည်နေခဲ့ပါတယ်။

နိုင်ငံတကာက ကုန်ပစ္စည်း Brand မိတ်ဆက်ပွဲတွေကိုတက်ရောက်ရင်း အခုတစ်ခါမှာလဲ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ Ralph Lauren Fashion Show ပွဲကို ရောက်ရှိနေတာပါ။

ဒီပွဲကို Happer Bazzar Magazine က ကြီးမှူးပြုလုပ်တာဖြစ်ပြီး Song Hye Kyo က Happer Bazzar Korea ရဲ့ ကိုယ်စားပြုအနေနဲ့ တက်ရောက်လာတာပဲဖြစ်ပါတယ်။

Happer Bazzar မှ ဆောင်းဟယ်ကျို မိတ်ဆက်စကားပြောထားတဲ့ ဗွီဒီယိုဖိုင်ကို တင်ခဲ့ပါတယ်။ “မင်္ဂလာပါ ကျွန်မဆောင်းဟယ်ကျိုပါ။ ဒီနေ့ ရှိုးပွဲမှာမြင်ရတဲ့ ဖက်ရှင်တွေကို အရမ်းပဲကြိုက်ပါတယ်။ အရမ်းကို ကျေနပ်အားရမိပါတယ်” လို့ Kyo ကပြောထားပါတယ်။

ကွာရှင်းပြီးနောက် ဆောင်းဟယ်ကျို ကြော်ငြာအလုပ် မြောက်မြားစွာနဲ့ အလုပ်တွေရှုပ်နေပေမယ့် ဆောင်းဂျွန်ကီကိုတော့ မည်သည့်အနုပညာလှုပ်ရှားမှုမျိုးမှာမှ မြင်တွေ့ရခြင်းမရှိသေးပါဘူး။

Ref:koreaboo

(ပိုပိုလေး)

 

 



Follow us on