1. Home
  2. Movie Stars - Celebrity

လောင်းကြေးကြောင့် အကောင့်ဟက်ခံထားရတဲ့ ကျော်ကျော်နန္ဒ

Movie Stars - Celebrity ก.ย. 09, 2562 view 2,188

အဆိုတော်၊ သရုပ်ဆောင် ကျော်ကျော်နန္ဒဟာဆိုရင် ဟက်ကာ လူတစ်စုရဲ့ target ထားခြင်းကို ခံနေရပါတယ်။ ကျော်ကျော်နန္ဒဟာ ထွန်းသစ္စာ ကုမ္ပဏီက ကြီးမှူးပြုလုပ်တဲ့ Mrs/Miss ပြိုင်ပွဲကို တက်ရောက်ခဲ့ပါတယ်။

ကျော်ကျော် နန္ဒဟာ Grace ရခိုင်ရိုးရာစားသောက်ဆိုင် ကြော်ငြာရိုက်ကူးပြီးနောက် ‘ဟစ်ကြွေးမယ့်နေ့’ ခေါင်းစဉ်နဲ့ သီချင်းဗွီဒီယိုအသစ် ရိုက်ကူးဖို့ရှိကြောင်း ပရိတ်သတ်ကို အသိပေးကြေညာလိုက်ပါတယ်။

၉ ရက်၊ ၉ လ၊ ၁၂ မထိုးခင် မနက်ခင်းမှာ ကျော်ကျော်နန္ဒရဲ့ ဖေ့ဘွတ်ခ်အကောင့်ကို ဟက်ကာလူတစ်စုမှ ဟက်လိုက်ပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

ကျော်ကျော်နန္ဒအကောင့်ကို ဟက်ထားသော ဟက်ကာမှ ‘လောင်းကြေးကြောင့် ဟက်တာဖြစ်တယ်လို့ပြောပြီး ပိုက်ဆံပိုပေးနိုင်ပါက ပြန်ပေးမယ်လို့ ပြောထားပါတယ်။

တစ်ဖန် ကျော်ကျော်နန္ဒဘက်က facebook id နဲ့ အကောင့်ကို ပြန်ယူဖို့ ကြိုးစားကြည့်တဲ့အခါ ‘ဆက်တိုးဖျက်ပစ်မယ်’ လို့ ခြိမ်းခြောက်ထားပါတယ်။

‘၁၂ နာရီထိအချိန်ပေးမယ် ၁၂ ကျော်ရင် ဖျက်ပစ်မယ်’ ဆိုပြီး အသိပေးထားပါသေးတယ်။

တစ်ဖန် ဟက်ကာတွေက ‘Banna ကိုတော့ ပျော်ပျော်နေတတ်လို့ တည့်တယ်’ လို့ပြောထားပါသေးတယ်။

အကောင့်ဟက်ခံထားရတဲ့ ကိုကျော်ကျော်နန္ဒအနေနဲ့ ဒီအချိန်မှာ ပူဆွေးနေရမှာအမှန်ပါပဲ။ အမြန်ဆုံး အကောင့်ပြန်ရပါစေလို့ ဒီနေရာကနေပဲ ဆုတောင်းပေးလိုက်ပါတယ်။

(ပိုပိုလေး)

 

 

 



Follow us on