1. Home
  2. Special or Others

ATM စက်ပေါ် ဖွတ်တက်တဲ့ အတိတ်နိမိတ်က ဘာများပါလိမ့်..? (ရုပ်သံ)

Special or Others ก.ย. 10, 2562 view 1,774
စက်တင်ဘာလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ငွေထုတ်စက် ATM တစ်ခုတွင် ဖွတ်ကြီးတစ်ကောင် ကန့်လန့်ဖြတ်ကာ တွယ်တက်နေခဲ့သဖြင့် ပိုက်ဆံထုတ်ရန် လာသူများ အထိတ်တလန့်ဖြစ်ခဲ့ရသည်။
 
ညနေပိုင်း အလုပ်ကနေ အိမ်အပြန် ပိုက်ဆံထုတ်ဖို့ သွားခဲ့တဲ့ “ခရစ်တာဝတ်တမ်ချိုင်း” ဆိုသူ အသက် ၄၂ နှစ်အရွယ် အမျိုးသားက ၆ ပေခန့်ရှိတဲ့ ဖွတ်ကြီးတစ်ကောင် စက်ပေါ်မှာ ကန့်လန့်ဖြတ်တွယ်ကပ်နေတာကို တွေ့ခဲ့ရတဲ့အတွက် ထိတ်လန့်ခဲ့ပါတယ်။
 
အဲဒီအချိန်မှာ အနားမှာရှိတဲ့လူတွေလည်း ရောက်လာပြီး ဝိုင်းအံဒကြည့်နေပါတယ်။ အဲဒီနောက် လုံခြုံရေးဝန်ထမ်းတွေ ရောက်လာပြီး ဖွတ်ကြီးကို ခြောက်လှန့်မောင်းထုတ်ခဲ့ကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ရောက်လာပြီး ဖွတ်ကြီးကို ATM စက်ကနေ ခွာယူကာ ဖယ်ရှားခဲ့ကြပါတယ်။
 
 
အဆိုပါရုပ်သံ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ပြီး ATM စက်ပေါ် ဖွတ်တက်နေတဲ့အတွက် မျိုးစုံအတိတ်နိမိတ်တွေ ကောက်နေကြပါတယ်။
 


Follow us on