F4 မင်းသမီးလေးလို့ သိကြတဲ့ သရုပ်ဆောင်ဂူဟဲဆောင်န်းဟာ ပြီးခဲ့တဲ့သြဂုတ်လ ၈ ရက်က ခင်ပွန်းသည် အန်ဂျယ်ဟွန်း သူမကိုကွာရှင်းလိုတဲ့အကြောင်း အင်စတာဂရမ်ကနေ ပရိတ်သတ်ကို အသိပေးလာပါတယ်။ တစ်ဖန် ဂူဟဲဆောင်းန် ဟာ သူမဘက်က ကွာရှင်းပေးဖို့ သဘောတူညီထားခြင်းမရှိကြောင်းကိုလဲ ထုတ်ပြန်ကြေညာထားပါတယ်။ ကွာရှင်းတာကို ရပ်တန့်ဖို့ ဂူဟဲဆောင်းန်ဘက်က သဘောတူညီမှုမရှိခြင်းနဲ့ တရားရုံးမှာ အမှုရင်ဆိုင်သွားမှာဖြစ်ပါတယ်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ရှေ့နေ ကင်မ်မင်ဆောင်းက SBS သတင်းဌာနကို ဂူဟဲဆောင်းန်၊ အန်ဂျယ်ဟွန်း ကွာရှင်းပြတ်စဲမှုနဲ့ ပတ်သတ်ပြီး ပြောပြလာပါတယ်။
ဂူဟဲဆောင်းန်ဟာ အန်ဂျယ်ဟွန်း လက်ရှိ ဇာတ်လမ်းတွဲအတူရိုက်ကူးနေတဲ့ မင်းသမီး အိုယွန်းဆောနဲ့ ဖောက်ပြန်နေတယ်ဆိုပြီး ပြောထားပါတယ်။ အိုယွန်းဆော အေဂျင်စီ Celltrion Entertainment မှ ဂူဟဲဆောင်းန် မဟုတ်မမှန်သတင်းတွေထုတ်လွှင့်ပြီး အိုယွန်းဆော သိက္ခာကိုထိခိုက်စေတာကြောင့် ဂူဟဲဆောင်းန်ကို တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။
လက်ရှိမှာ အန်ဂျယ်ဟွန်းဘက်က ကွာရှင်းချင်နေပေမယ့် ဂူဟဲဆောင်းန်ဘက်ကတော့ လက်မလျော့သေးပါဘူး။
Ref:koreaboo
(ပိုပိုလေး)