1. Home
  2. Movie Stars - Celebrity

အသားစိမ်းစားတဲ့နေရာမှာ နာမည်ကြီးတဲ့ ASMR Live လွှင့်သူ Ssoyoung

Movie Stars - Celebrity ก.ย. 11, 2562 view 2,078

တောင်ကိုးရီးယားနိုင်ငံမှာ ၂၀၁၀ ခုနှစ်လောက်က စပြီး ASMR Live လွှင့်တဲ့ အစီအစဉ်မျိုးတွေ ခေတ်စားလာပါတယ်။ ASMR Live ဆိုတာကတော့ Live လွှင့်သူဟာ မိမိကြိုက်နှစ်သက်တဲ့ အစားအစာတွေကို ကြည့်ရှုသူတွေ သွားရေကျအောင် စားပြရတာမျိုးဖြစ်ပါတယ်။ ခုနောက်ပိုင်း ASMR Live လွှင့်တာ အရမ်းခေတ်စားလာပြီး Live လွှင့်သူတွေအနေနဲ့ သူများထက်ထူးအောင်လုပ်ကြရင်းက အသားစိမ်းစားပြတဲ့ challenge မျိုးတွေပေါ်ပေါက်လာပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

၂၀၁၈ နောက်ပိုင်းမှာ အသားစိမ်းစားပြတဲ့ ASMR ဗွီဒီယိုတွေ အရမ်းကို ခေတ်စားလာပါတော့တယ်။ အသားစိမ်းစားပြသူတွေ အများကြီးရှိတဲ့ထဲကမှာ ASMR Live လွှင့်သူ Ssoyoung ဟာ အသားစိမ်း (၅) ကြိမ်တိတိစားပြခဲ့ပါတယ်။ သူစားပြထားတဲ့ အသားစိမ်းတွေထဲက တချို့ကတော့ အရှင်တွေဖြစ်ပြီး တချို့ကိုတော့ သတ်ပြီးမှ စားတာပါ။ သူဘာတွေ စားပြထားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

ASMR Live လွှင့်သူ Ssoyoung ဟာ ပထမဦးဆုံး နွားရဲ့အသည်းကို အစိမ်းစားပြခဲ့တာဖြစ်ပါတယ်။ ဒီဗွီဒီယိုပြီးနောက် သူမကို ကြည့်ရှုသူ ပရိတ်သတ်တွေ စိတ်ဝင်စားလာခဲ့ပါတယ်။

အသည်းကို စားပြပြီးနောက် အမဲသားကို အစိမ်းစားပြခဲ့ပါတယ်။

Ssoyoung ဟာ တူနာငါး အကြီးကြီးရဲ့ ခေါင်းကိုစားပြပြီး မျက်လုံးကို ဆိုဂျူထဲထည့်သောက်ရကြောင်း နည်းလမ်းပြထားပါသေးတယ်။

ကင်းမွန်ငါး အကြီးကြီးတွေကိုတော့ သူမကိုယ်တိုင် သတ်ပြီးစားပြခဲ့တာပါ။

ရေဘဝဲတွေကိုတော့ မသတ်ဘဲ ဒီတိုင်း အရှင်လတ်လတ် ပါးစပ်ထဲထိုးသွင်းပြီးစားပြခဲ့ပါတယ်။

အခုလို အသားစိမ်းတွေစားပြတာအပြင် Ssoyoung ရဲ့ နောက်ထူးခြားချက်တစ်ခုကတော့ တိတ်တွေကို ဝါးစားပြတာပါပဲ။ တိတ်တွေကို စားပြရင်း Ssoyoung က အရမ်းအရသာရှိတယ်လို့ပြောပါတယ်။

ASMR Live လွှင့်သူ Ssoyoung ဟာ အသားစိမ်းတွေစားပြပြီးနောက် ပိုမိုလူကြိုက်များလာခဲ့ပါတယ်။ ASMR Live လွှင့်သူ Ssoyoung ရဲ့ live video တွေကြည့်ပြီး မိတ်ဆွေတို့ ဘယ်လိုခံစားသွားရပါသလဲ?

source-ssoyoung

(ပိုပိုလေး)



Follow us on