1. Home
  2. Movie Stars - Celebrity

ထိုင်းမင်းသမီးလေး Baifern Pimchanok နဲ့အတူ ကြော်ငြာရိုက်ကူးရတော့မယ့် ပိုင်တံခွန်

Movie Stars - Celebrity ก.ย. 12, 2562 view 2,119

နှုတ်ခမ်းနီမလေးတွေ အသဲစွဲ ဖြစ်နေတဲ့ မော်ဒယ်ပိုင်တံခွန်ဟာဆိုရင် မြန်မာပရိတ်သတ်တွေသာမက ထိုင်းပရိတ်သတ်တွေ ဝန်းရံတာကိုပါ ခံနေရတဲ့ ဆယ်လီတစ်ဦးပဲဖြစ်ပါတယ်။ ပိုင်တံခွန် လူမှုကွန်ယက်မှာတင်တဲ့ ဓာတ်ပုံများမှ တစ်ဆင့် ထိုင်းပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိလာတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံကို သွားရောက်ပြီး ပရိတ်သတ်များနဲ့တွေ့ဆုံခဲ့ပါသေးတယ်။ သူအကြိုက်ဆုံးနဲ့ သူ crush မိတဲ့ ထိုင်းအနုပညာရှင်ကတော့ Friend Zone ဇာတ်ကားထဲက ဇာတ်ဆောင်မင်းသမီးလေး Baifern Pimchanok လို့ပြောဖူးပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ပိုင်တံခွန်ကို ထိုင်းပရိတ်သတ်တွေ သည်းသည်းလှုပ်ကြိုက်ရခြင်းအကြောင်းအရင်းကတော့ သူအသားမဲနေလို့ပါတဲ့။

“သူတို့က ကျွန်တော့်ကိုပြောတယ်၊ ကျွန်တော် အသားမဲလို့ ကြိုက်တာတဲ့။ နင်အသားဖြူရင် နင့်ကိုဘယ်သူမှ မကြိုက်ဘူးလို့ပြောတယ်” ဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြောပြလာပါတယ်။

ထိုင်းလူမျိုးတွေက အရမ်းချောတာကြောင့် သူ့အနေနဲ့ ထိုင်းရောက်တဲ့အခါ အားငယ်မိကြောင်း ပြောပြထားပါတယ်။

သူအရမ်း crush ရတဲ့ ထိုင်းမင်းသမီးလေး Baifern Pimchanok နဲ့ ကြော်ငြာတွေ ရိုက်ကူးဖို့ ရှိတယ်ဆိုတဲ့အကြောင်း ပိုင်တံခွန်က ပြောပြလာပါတယ်။

“သူက ကျွန်တော် အရင်ကတည်းက ကြိုက်နှစ်သက်ရတဲ့ အနုပညာရှင်တစ်ယောက် သူနဲ့လဲ ကျွန်တော် ရိုက်ကူးဖို့ အများကြီးရှိတယ်၊ ကြားထဲမှာလဲ သူနဲ့ ကြော်ငြာရိုက်ဖို့ ကျွန်တော့်ကို တောက်လျှောက်ချိတ်တယ်၊ ကျွန်တော် မအားတာနဲ့ သူကလဲ မအားတာနဲ့ ပျက်သွားတာတွေများတယ်။ နောက်ထပ်လဲ အများကြီးရှိတယ် ကမ်းလှမ်းထားတာ” ဆိုပြီး ပိုင်တံခွန်က ပြောပြသွားပါတယ်။

Baifern Pimchanok ကို အရမ်းကြိုက်တဲ့ fanboy တစ်ယောက်အနေနဲ့ ပိုင်တံခွန်ဟာ ကြော်ငြာအတူတွဲရိုက်ခွင့်ရတော့မှာပါ။ ပိုင်တံခွန်လောက် ကံကောင်းတဲ့ fan boy ဒီကမ္ဘာမှာ မရှိနိုင်တော့ပါဘူး။

Ref:celeyatkwat

(ပိုပိုလေး)

 

 



Follow us on