1. Home
  2. Football

အသင်းခေါင်းဆောင်းဟောင်း ကွန်ပနီကို လမ်းအမည် ၊ရုပ်တုတို့ဖြင့် ဂုဏ်ပြုသွားမယ် မန်စီးတီး

Football ก.ย. 12, 2562 view 1,630

မန်စီးတီးအသင်းဟာ အသင်းမှာ (၁၁) ကြာကစားခဲ့တဲ အသင်းခေါင်းဆောင်ဟောင်းကွန်ပနီကို လမ်းအမည် ၊ ရုပ်တုတို့ဖြင့် ဂုဏ်ပြုသွားမယ် လို့သိရပါတယ်။ ကွန်ပနီဟာ မန်စီးတီးအသင်း၏ အောင်မြင်မှုများတွင် အဓိကအခန်းကဏ္ဍမှာ ပါဝင်ခဲ့ပြီး အသင်းအတွက် ပွဲပေါင်း(၂၆၅)ပွဲကစားပေးခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ကွန်ပနီကို ဂုဏ်ပြုတဲ့အနေဖြင့် လေ့ကျင့်ရေးစင်တာရှိလမ်းတွင် ကွန်ပနီလမ်းဟု အမည်ပေးပြီး အီတီဟတ်ကွင်းပြင်တွင်လည်း ရုပ်တုဖြင့်ဂုဏ်ပြုသွားမယ်လို့ သိရပါတယ်။

အခုလို ဂုဏ်ပြုမှုနဲ့ ပါက်သတ်ပြီး ကွန်ပန်ီက “ အခုလို  အသိအမှတ်ပြုတဲ့အတွက် အရမ်းကိုဂုဏ်ယူမိပါတယ်။ ဒီအသင်းမှာ (၁၁) နှစ်ကြာကစားပေးခဲ့ပြီး အခုလိုဂုဏ်ပြုခံရတဲ့အတွက် အသင်းတာဝန်ရှိသူတွေကို ကျေးဇူးအရမ်းတင်ပါတယ်” လို ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဥက္ကဌ အယ်လ်မူဘာရက်က "ဗင်းဆင့် ကွန်ပနီက မန်စီးတီးသမိုင်းမှာ အရေးပါတဲ့ပြယုဂ်တစ်ခုပါ။ သူ့စွမ်းဆောင်မှုတွေကို နောက်မျိုးဆက်တွေအထိ အမှတ်ရနေလိမ့်မယ်။ မန်စီးတီးပရိသတ်တွေရော၊ တခြားဘောလုံးပရိသတ်တွေအတွက်ပါ ပရီးမီးယားလိဂ်အထင်ကရတစ်ဦးအဖြစ် အသိအမှတ်ပြုရမယ့်သူလည်း ဖြစ်ပါတယ်"ဟု ဂုဏ်ပြုပြောကြားခဲ့ပါတယ်။

ယနေ့မနက်အစောပိုင်းကလည်း ကွန်ပနီအမှတ်တရပွဲအဖြစ် မန်စီးတီးဂန္ထဝင်အသင်းနှင့် ပရီးမီးယားလိဂ် All Stars အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ၂-၂ သရေလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ကွန်ပနီဟာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလား(၄)လုံး အပါအဝင် ဆုဖလား(၁၁)လုံး ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

 



Follow us on