တောင်ကိုးရီးယား တစ်ကိုယ်တော် idol အဆိုတော် Sunmi ဟာ အရင်က ပိန်ပါးတဲ့ မိန်းကလေးတစ်ဦးဖြစ်ပြီး လတ်တလော ရင်သားကြီးလာတာကြောင့် လူမှုကွန်ယက်မှာ ဝေဖန်ပြောဆိုတာတွေကို ခံနေရတာပဲဖြစ်ပါတယ်။ Sunmi ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်လိုပြောသွားတယ်ဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Sunmi ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀၁၈ လောက်က ရုတ်တရက် ပိန်ကျသွားတာကြောင့် ပရိတ်သတ်တွေ သူမကျန်းမာရေးအခြေအနေနဲ့ ပတ်သတ်ပြီး စိုးရိမ်ခဲ့ကြပါတယ်။
Sunmi နေမကောင်းဖြစ်နေလျက် ရှိုးပွဲတွေ ဆက်တိုက်ပြုလုပ်ရင်း ကျန်းမာရေးအခြေအနေဆိုးဝါးခဲ့ပါတယ်။
နေမကောင်းဖြစ်ပြီးနောက် ကိုယ်အလေးချိန်တက်အောင် ကြိုးစားပြီး ကျန်းမာရေး ပြန်ကောင်းစေခဲ့ပါတယ်။ Sunmi ဝိတ်ပြန်တက်လာတဲ့အခါ အရင်ကလို ပိန်ပိန်ပါးပါးမဟုတ်တော့ဘဲ အရမ်းလန်းတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပရိတ်သတ်ရှေ့တော်မှောက် ပြန်ရောက်လာပါတော့တယ်။
ဝလာတဲ့ ခန္ဓာကိုယ်နဲ့အညီ သူမရဲ့ ရင်သားကလဲ အရင်ကထက်ပိုကြီးလာတာကြောင့် Sunmi ကို ‘ရင်သားခွဲစိတ်ပြုပြင်ထားတယ်’ ဆိုပြီး လူမှုကွန်ယက်မှာ ဝေဖန်လာကြပါတယ်။
Sunmi လတ်တလော Lalalay နာမည်နဲ့ သီချင်းအသစ်ထွက်ရှိထားပြီး ဒီသီချင်း ဗွီဒီယိုမှာ အရမ်းလန်းတဲ့ သူမဘော်ဒီကောက်ကြောင်းတွေကို မြင်တွေ့ရပါလိမ့်မယ်။
Ref:koreaboo
(ပိုပိုလေး)