1. Home
  2. Movie Stars - Celebrity

ဆရာဝန်ဇာတ်ရုပ်နဲ့ အလိုက်ဖက်ဆုံး ကိုးရီးယားမင်းသမီး (၆) ဦး

Movie Stars - Celebrity ก.ย. 12, 2562 view 2,254

ကိုးရီးယားသရုပ်ဆောင်တွေဟာဆိုရင် ကျရာဇာတ်ရုပ်မှာ သဘာဝလဲကျ ပီလဲပီပြင်အောင် သရုပ်ဆောင်တတ်တာကြောင့် ကြည့်ရှုသူ ပရိတ်သတ်ကို စိတ်ကျေနပ်မှုအပြည့်အဝရရှိစေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဇာတ်လမ်းတွဲကြည့်ပြီဆိုရင် တစ်ထိုင်တည်း မထချင်တော့ဘဲ ကိုယ်တိုင်လိုက်ပါစီးမျောပြီး ကြည့်ရှုနေရတဲ့အထိပါပဲ။ ဒီတစ်ခါ ဇာတ်လမ်းတွဲ ကြိုက်နှစ်သက်သူ ပရိတ်သတ်တွေအတွက် ပိုပိုလေးက တင်ဆက်ပေးသွားမှာကတော့ ဆရာဝန် ဇာတ်ရုပ်နဲ့ အလိုက်ဖက်ဆုံး မင်းသမီး (၆) ယောက်အကြောင်းပဲဖြစ်ပါတယ်။ သူတို့ဘယ်သူတွေဖြစ်မယ်ဆိုတာ သိရှိဖို့ ပိုပိုလေးနဲ့အတူ လိုက်ပါစီးမျောလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Park Shin Hye

ပတ်ရှင်ဟေးကတော့ Doctors ဇာတ်လမ်းတွဲမှာ ခပ်ဆိုးဆိုးခပ်ပေပေကောင်မလေးကနေ အောင်မြင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်သွားတဲ့ ဒေါက်တာ Yoo Hye Jung နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဆရာဝန် ဝတ်စုံနဲ့ လိုက်ဖက်လွန်းလို့ သူမကို ပရိတ်သတ်တွေ ကြွေကျနေရတာပါ။

Seo Hyunjin

Romantic Doctor Kim ဇာတ်လမ်းနဲ့ လူသိများလာတဲ့ မင်းသမီး ဆောဟွန်းဂျင်ဟာ ဒီဇာတ်ကားထဲက Yoon Seo Jeong ဇာတ်ရုပ်နဲ့ လိုက်ဖက်လွန်းတာကြောင့် ပိုမို လူကြိုက်များလာပါတယ်။

Song Hye Kyo

ဇာတ်လမ်းတွဲကြိုက်နှစ်သက်သူ မြန်မာပရိတ်သတ်တွေရဲ့ အသည်းဦး ဆောင်းဟယ်ကျိုကတော့ Descendants of the Sun ဇာတ်လမ်းတွဲမှာ ဒေါက်တာ Kang Mo Yeon အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့် ဒီကားကြည့်ပြီး ဆရာဝန်တွေရဲ့ အခက်အခဲတွေကို စာနာနားလည်မိသွားတဲ့အထိပါပဲ။

Lee Sung Kyung

Lee Sung Kyung ကတော့ ပတ်ရှင်ဟေးနဲ့အတူ doctors ဇာတ်လမ်းတွဲမှာ ဆေးရုံအုပ်ကြီးရဲ့ သမီး Jin Seo Woo အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

Han Hyo Joo

ဟန်ဟိုဂျူးကတော့ W:two worlds ဇာတ်လမ်းတွဲမှာ ခွဲစိတ်ဆရာဝန်မလေး အိုယွန်းဂျူအဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါ။ သူမပုံစံက ပြင်ပက ခွဲစိတ်ဆရာဝန်တွေလို Stress ပိနေတဲ့ပုံပါပဲ။ အရမ်းကို ပီပြင်လှပါတယ်။

Kang So Ra

Kang So Ra ကတော့ Doctor Strangers ဇာတ်လမ်းတွဲမှာ ဆေးရုံအုပ်ကြီးရဲ့ သမီးတစ်ဖြစ်လဲ ထက်မြက်တဲ့ ဒေါက်တာ Oh Soo Hyun အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

အခုတင်ဆက်ပေးသွားတာကတော့ ဆရာဝန်ဇာတ်ရုပ်နဲ့ အလိုက်ဖက်ဆုံး မင်းသမီး (၆) ဦးအကြောင်းဖြစ်ပါတယ်။ ပရိတ်သတ်ကြီးကျေနပ် နှစ်သက်အားရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

(ပိုပိုလေး)



Follow us on