1. Home
  2. Movie Stars - Celebrity

ကိုးရီးယားမှာကျောင်းတက်ရင်း မီဒီယာတွေ နှောင့်ယှက်တာခံနေရတဲ့ Maddox Jolie-Pitt

Movie Stars - Celebrity ก.ย. 13, 2562 view 1,731

ကမ္ဘာကျော် ဟောလိဝုဒ်အကျော်အမော်တွေဖြစ်တဲ့ Angelina Jolie,Brad Pitt တို့ရဲ့ သားအကြီးဆုံး Maddox Jolie-Pitt ဟာတောင်ကိုးရီးယားနိုင်ငံမှာရှိတဲ့ Yonsei University (ယွန်ဆေးတက္ကသိုလ်) မှာ ပညာသင်ကြားနေတာပဲဖြစ်ပါတယ်။ ကမ္ဘာကျော် သရုပ်ဆောင်တွေရဲ့ သားဖြစ်တာကြောင့် သူ့နောက်ကို နိုင်ငံတကာက ပါပါရာဇီတွေ တကောက်ကောက်လိုက်နေကြတာဖြစ်ပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Maddox နောက် လိုက်နေတဲ့ ပါပါရာဇီက “Brad Pitt Maddox ကို ကိုးရီးယားမှာ လာရောက်တွေ့ဆုံဖို့ ရှိမရှိ” ဆက်တိုက်မေးမြန်းနေခဲ့ပါတယ်။

Yonsei တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေက ဒီမြင်ကွင်းကိုနေ့စဉ် မြင်တွေ့နေရတာကြောင့် မနေနိုင်တော့ဘဲ လူမှုကွန်ယက်မှာ ပုံတင်ပြီး ပြောဆိုလာကြပါတယ်။

“တော်ပါတော့”

“ခင်ဗျားတို့ ဒီလိုဆက်လုပ်နေမယ်ဆိုရင် သူကျောင်းထုတ်ခံရလိမ့်မယ်”

“သူ့ကိုနှောင့်ယှက်နေတာတွေ ရပ်လိုက်တော့၊ ကိုးရီးယားရောက်တာ ဘာမှသိပ်မကြာသေးတဲ့ ကလေးတစ်ယောက်ကို ခင်ဗျားတို့ ဒီလိုလုပ်ရလား? ငါတို့ ကိုးရီးယား သိက္ခာကျတယ်” အစရှိသဖြင့် လူမှုကွန်ယက်မှာ ပြောဆိုလာကြပါတယ်။

Angelina Jolie ဟာ သားဖြစ်သူ Maddox  Kpop  ကြိုက်နှစ်သက်ပြီး ကိုးရီးယား ယဉ်ကျေးမှုကို စိတ်ဝင်စားတာကြောင့် တောင်ကိုးရီးယားရဲ့ နံပါတ်(၃) အဆင့်ရှိတဲ့ Yonsei တက္ကသိုလ်မှာ ကျောင်းတက်စေခဲ့တာပဲဖြစ်ပါတယ်။ တရားဥပဒေအရ Jolie နဲ့ Pitt တို့ ကွာရှင်းအပြီး Maddox ရဲ့ အုပ်ထိန်းခွင့်ရှိသူက Brad Pitt ဖြစ်ပေမယ့် Jolie က သားဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးနေဆဲပဲဖြစ်ပါတယ်။ Jolie ဟာ Maddox Jolie Pitt ကို 2001 ခုနှစ် မတ်လ 10 ရက်နေ့မှာ (၇) လသားအရွယ်မှာ အမွေစားအမွေခံသားအဖြစ်မွေးစားခဲ့ပါတယ်။

Ref:allkpop

(ပိုပိုလေး)

 

 

 

 



Follow us on