1. Home
  2. Movie Stars - Celebrity

Jeon So Min ဓာတ်ပုံကို မဖွယ်မရာပြောမိတာကြောင့် ဝေဖန်ခံနေရတဲ့ Haha

Movie Stars - Celebrity ก.ย. 16, 2562 view 1,665

Running Man အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Jeon So Min နဲ့ Haha တို့ဟာ အစီအစဉ်ရိုက်ကူးရင်း မောင်နှမအရင်းသဖွယ် ခင်မင်လာကြသူများဖြစ်ပါတယ်။ Jeon So Min ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က မိတ်ကပ်မလိမ်းထားတဲ့ မျက်နှာကို selfie ရိုက်ပြီး အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။

Jeon So Min တင်ထားတဲ့ ဓာတ်ပုံအောက်မှာ Haha က “မြန်မြန်သွားပြီး မိတ်ကပ်လိမ်းခဲ့စမ်းပါကွာ So Min”  ကော်မန့်မှာ ရေးသားခဲ့ပါတယ်။

Haha ဒီလိုရေးသားတာနဲ့ ပတ်သတ်ပြီး ပရိတ်သတ်အချို့က Haha ကို အောက်ပါအတိုင်း ဝေဖန်ပြောဆိုလာကြပါတယ်။

“ခင်ဗျား မျက်နှာမှာရော ဘာလို့မအုပ်သလဲ?”

“ခင်ဗျားကတော့ ရုပ်ဆိုးလွန်းလို့ mask ပါတပ်ထားရမှာ”

“ရူးသွားတာလား ဘယ်လိုဖြစ်လို့ ဒီလိုစကားမျိုးပြောထွက်ရတာလဲ?”

“ခင်ဗျားမျက်နှာမှာပဲ လိမ်းလေ ပါးသိုင်းမွေးတွေလဲ ရိတ်လိုက်ဦး”

“သူမ သဘာဝကျကျနဲ့လှနေတာပဲလေ ခင်ဗျားက ဘာဖြစ်ချင်နေတာလဲ?”

အစရှိသဖြင့် Haha ကော်မန့်အောက်မှာ ရေးသားလာကြပါတယ်။

Haha ကတော့ Jeon So Min ကို ညီမအရင်းလို ခင်မင်လို့ သဘောရိုးနဲ့ပြောတယ်ဆိုပေမဲ့ ပရိတ်သတ်တွေက မကျေနပ်နိုင်ဘဲ Haha အင်စတာဂရမ်မှာ တင်ထားတဲ့ပုံအောက် မန့်တွေထပ်ရေးခဲ့ကြပါတယ်။

“ခင်ဗျား ဓာတ်ပုံမရိုက်ခင် မိတ်ကပ်လိမ်းသင့်တယ်”

“ပါးသိုင်းမွေးတွေရိတ်ပြီး မိတ်ကပ်ပါ လိမ်းထားသင့်တယ် ကိုယ့်ရုပ်ကိုယ်လဲ ပြန်ဂရုစိုက်ဦး”

အစရှိသဖြင့် Haha ရဲ့ ဓာတ်ပုံအောက်မှာ ရေးသားခဲ့ကြပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 

 

 

 

 



Follow us on