1. Home
  2. Movie Stars - Celebrity

‘စာသေချာကျက်ပါတော့’ ဆိုပြီး ချစ်ဆုံးပရိတ်သတ်တွေကို အားပေးလိုက်တဲ့ နန်းနန်း

Movie Stars - Celebrity ก.ย. 16, 2562 view 1,957

MRTV-4 ဇာတ်လမ်းတွဲသရုပ်ဆောင် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းဟာဆိုရင် We Love တွေရဲ့ အချစ်ကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

မိုးရာသီရဲ့ နောက်ဆုံးလ စက်တင်ဘာမှာ တက္ကသိုလ်ကျောင်းတွေ စာမေးပွဲကျင်းပကြတော့မှာဖြစ်လို့ စာမကျက်ရသေးတဲ့ We love လေးတွေအတွက် နန်းနန်းက အားပေးစကားပြောလိုက်ပါတယ်။

နန်းနန်းက motivation ဆန်ဆန် စကားမျိုးတွေမပြောတတ်တာကြောင့် ရိုးရိုးလေးပဲ ပရိတ်သတ်ကို အားပေးလိုက်ပါတယ်။ “motivation လား နန်းနန်းက ထွေထွေထူးထူး စကားတွေ အများကြီးပြောပြီး မပေးတတ်ဘူး…..အရိုးရှင်းဆုံးပြောမယ် ‘စာသေချာကျက်ပါတော့လို့’ (စာမေးပွဲဖြေတော့မယ့် ချစ်ဆုံးတွေအတွက်) With Love” ဆိုပြီး သူမ ဖေ့ဘွတ်ခ်အကောင့်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် နန်းနန်းက စာကြိုးစားလို့ စာမေးပွဲအောင်ရင် ချည်ထည်ပုဆိုးလေး ‘မ ကိုယ်တိုင်လိုက်ဝယ်ပေးမယ်’ ဆိုပြီး ရေးသားထားပါသေးတယ်။

We Love လေးတွေရဲ့ အသည်းကျော် နန်းနန်းကတော့ ချစ်ပရိတ်သတ်တွေ စာကျက်နိုင်အောင် အားပေးစကားပြောလိုက်တဲ့အပြင် စာမေးပွဲအောင်ရင် ချည်ထည်ပုဆိုး အဆင်လှလှလေးတွေကို ကိုယ်တိုင်လိုက်ဝယ်ပေးမှာပါတဲ့။

နန်းနန်းရဲ့ အားပေးစကားကြောင့် နန်းနန်းကိုချစ်တဲ့ ပရိတ်သတ်ကြီး စာကြိုးစားဖို့ အင်အားတွေရှိပြီးသွားလောက်ပြီထင်ပါတယ်။ မကြာခင်ဖြေဆိုရတော့မယ့် second semester စာမေးပွဲကြီးမှာ အောင်မှတ်ဆိုတာထက် ဂုဏ်ထူးမှတ် ရရှိအောင် ဖြေဆိုနိုင်ပါစေလို့ ပိုပိုလေးမှ ထပ်မံဆုတောင်းပေးလိုက်ပါတယ်။

Ref:Nan Sandar Hla Htun

(ပိုပိုလေး)

 

 

 



Follow us on