1. Home
  2. Movie Stars - Celebrity

ဒီနေ့မှာပဲ အသက် (၂၃) နှစ်ပြည့်သွားပြီဖြစ်တဲ့ ပိုင်တံခွန်

Movie Stars - Celebrity ก.ย. 17, 2562 view 2,058

မြန်မာနိုင်ငံက နှုတ်ခမ်းနီမလေးတွေသာမက ထိုင်းနိုင်ငံက ပရိတ်သတ်တွေပါ သည်းသည်းလှုပ်အားပေးနေရတဲ့ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ဟာဆိုရင် ဒီနေ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ အသက် (၂၃) နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ သူ့မွေးနေ့ အထိမ်းအမှတ်အနေနဲ့ အလှူအတန်းလုပ်ပေးကြတဲ့ ပရိတ်သတ်တွေကို ပိုင်တံခွန်က လူမှုကွန်ယက် ဖေ့ဘွတ်ခ်ကနေတစ်ဆင့် ကျေးဇူးတင်စကားပြောကြားထားပါတယ်။

“ကျွန်တော့်ရဲ့ အသက် (၂၃) နှစ်ပြည့်မွေးနေ့က မနက်ဖြန်မှပါဗျာ၊ မြန်မာနိုင်ငံက ပရိတ်သတ်တွေရော ထိုင်းနိုင်ငံက ပရိတ်သတ်တွေပါ ကျွန်တော့်ရဲ့ မွေးနေ့အတွက်ဆိုပြီး မွေးနေ့မတိုင်ခင် သုံးရက်လောက်ကတည်းက မိဘမဲ့ဂေဟာတွေ၊ ပိုင်ရှင်မဲ့တိလေးတွေ အတွက် ဂေဟာတွေ၊ ဘုရားကျောင်းကန်အသီးသီးမှာ ကျွန်တော့်အတွက် အလှူအသီးသီး လုပ်နေကြတော့ ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ်။

ဝမ်းနည်းရခြင်းက ကျွန်တော်ကိုယ်တိုင် မပါဝင်နိုင်တာပါ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက် မမေ့နိုင်စရာအချိန်လေးတွေပါ။ မနက်ဖြန်ကျွန်တော့် မွေးနေ့မှာလဲ တစ်နေ့လုံး ရှုတင်မှာ အလုပ်တွေနဲ့ ရှိနေမှာမို့ တကယ်လို့ reply မပြန်နိုင်ခဲ့ရင် ဒီနေရာကပဲ တစ်ဦးတစ်ယောက်ချင်းကို ကြိုတင်တောင်းပန်ပါတယ်ခင်ဗျာ” ဆိုပြီး ယမန်နေ့ က ပို့စ်ရေးသားတင်ခဲ့ပါတယ်။

"အခုလို ပိုင်တံခွန်ကို ချစ်တဲ့ Kalicos လေးတွေ ပိုင်တံခွန်အတွက် ရည်စူးပြီး အလှူလုပ်ပေးကြတာ သူ့အနေနဲ့ ဝမ်းသာမိမှာအမှန်ပါပဲ။"

17.9.1996 မှာမွေးဖွားတဲ့ ပိုင်တံခွန်တစ်ယောက် အသက် (၂၃) နှစ်မှသည်နောင်နှစ်ပေါင်းများစွာ ဒီထက်မက အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ရပါစေလို့ ပိုပိုလေးအဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Ref:Paing Takhon

 



Follow us on