1. Home
  2. Movie Stars - Celebrity

လတ်တလောရိုက်ထားတဲ့ ဓာတ်ပုံတွေမှာ ရွှေမင်းသမီးလေးလို တောက်ပနေတဲ့ Joy

Movie Stars - Celebrity ก.ย. 17, 2562 view 1,757

The Liar and His Lover ဇာတ်လမ်းတွဲနဲ့အတူ မြန်မာပရိတ်သတ်တွေ ရင်းနှီးခဲ့ရတဲ့ သရုပ်ဆောင်၊ အဆိုတော်မလေး Joy ဟာ လူမှုကွန်ယက် instagram မှာ သူမရဲ့ ချစ်ဖို့ကောင်းတဲ့ ဓာတ်ပုံလှလှလေးတွေကို အစဉ်အမြဲ ဝေမျှနေလေ့ရှိသူ တစ်ဦးပါ။

"လတ်တလော တင်ထားတဲ့ ပို့စ်မှာ Joy ဟာ အနက်နဲ့ ရွှေဝါရောင် long dress ကို စမတ်ကျကျ ဝတ်ဆင်ထားပါတယ်။"

အရပ်ရှည်တဲ့ Joy နဲ့ ရွှေဝါရောင် ဝတ်စုံတို့က ပေါင်းစပ်လိုက်တဲ့အခါ အရမ်းကို မိမိုက်နေပါတော့တာပါပဲ။

Joy ရဲ့ အရပ်က 1.67 m ရှိပြီး Red Velvet အဖွဲ့မှာတော့ သူအရပ်အရှည်ဆုံးဖြစ်ပါတယ်။

ရိုးရှင်းတဲ့ Long dress ကိုဝတ်ဆင်ပြီး အဖြူရောင်နံရံကို နောက်ခံအဖြစ် ရိုက်ကူးထားတာက သူမရဲ့ ပင်ကိုယ်အလှကို ပိုမိုပေါ်လွင်သွားစေပါတယ်။

Joy ဆိုတဲ့ နာမည်နဲ့လိုက်အောင် ပရိတ်သတ်တွေကို မြင်ရရုံနဲ့ “ပျော်ရွှင်မှု” ပေးစွမ်းနိုင်တဲ့ သူမကို မချစ်ဘဲနဲ့ မနေနိုင်တော့ပါဘူး။

Ref:koreaboo

(ပိုပိုလေး)

 

 

 

 



Follow us on