1. Home
  2. Movie Stars - Celebrity

အလျင်အမြန် ဝိတ်ကျပြီးနောက် ဆေးရုံရောက်သွားရတဲ့ဖြစ်ရပ်

Movie Stars - Celebrity ก.ย. 17, 2562 view 1,974

Yoo Jae Hwan အမည်ရတဲ့ တောင်ကိုးရီးယား music producer တစ်ဦးဟာ (၄) လတာ အချိန်ကာလအတွင်း ကိုယ်အလေးချိန် သိသိသာသာ လျော့ချလိုက်နိုင်တာကြောင့် ဆိုရှယ်မီဒီယာမှာ လူတိုင်းအားကျရတဲ့ သူတစ်ဦးဖြစ်လာခဲ့ပါတယ်။

"Yoo Jae Hwan ဟာ (၄) လအတွင်း ပေါင် (၇၀) ကျအောင်လုပ်ဆောင်နိုင်ခဲ့ပြီး ရုပ်ရည်ကလဲ အရင်ကထက်ချောမောပြေပြစ်လာပါတယ်။"

 

အချိန်တိုအတွင်း ပေါင် (၇၀) တောင် လျော့ချနိုင်ခဲ့တာမို့ လူထုပရိတ်သတ်က Yoo Jae Hwan ရဲ့ ဝိတ်ချနည်းကို သိချင်လာကြပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန် လျော့ကျပြီး တစ်လ အကြာမှာ Yoo Jae Hwan ဆိုးဝါးတဲ့ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့မှာ ရုတ်တရက် အဖျားတက်လာလို့ ဆေးရုံတင်ခဲ့ရတာဖြစ်ပြီး အချိန်တိုအတွင်း ကိုယ်အလေးချိန် လျော့ချဖို့ ကြိုးစားခဲ့တာကြောင့် ကိုယ်ခန္ဓာတွင်း မူမမှန်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ် လို့ Koreaboo မီဒီယာမှာ ဖော်ပြထားပါတယ်။

ကျန်းမာရေး အခြေအနေကြောင့် ရုတ်တရက် ဆေးရုံတက်လိုက်ရတဲ့ Yoo Jae Hwan ဟာ Kim Shin Young’s Noon Song of Hope အစီအစဉ်မှာ ပါဝင်ဖို့ကိုလဲ ဖျက်သိမ်းလိုက်ရပါတယ်။

ခန္ဓာကိုယ်အလေးချိန်လျော့တာဟာ လူကို အရင်ကထက် ပိုကြည့်ကောင်းစေတယ်ဆိုတာ မှန်ပေမဲ့ ကျန်းမာရေးကိုလဲ အလေးထားပြီး ဂရုစိုက်ပေးသင့်ပါတယ်။ ဒါကြောင့် ဝိတ်ချတော့မယ်ဆို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နည်းလမ်းကိုသာ လိုက်နာကျင့်သုံးပြီး ဝိတ်ချကြပါလို့ ပိုပိုလေးမှ တိုက်တွန်းပြောကြားအပ်ပါတယ်။

Ref:koreaboo

(ပိုပိုလေး)



Follow us on