1. Home
  2. Movie Stars - Celebrity

မွေးနေ့မှာ မိဘနှစ်ပါးကို သိန်းပေါင်းအမြောက်အမြား ကန်တော့လိုက်တဲ့ ပိုင်တံခွန်

Movie Stars - Celebrity ก.ย. 18, 2562 view 1,727

မြန်မာပရိတ်သတ်တွေသာမက ထိုင်းနိုင်ငံက ထိုင်းမလေးတွေပါ သည်းသည်းလှုပ်အားပေးကြတဲ့ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ အသက် (၂၃) နှစ် ပြည့်သွားခဲ့တာပဲဖြစ်ပါတယ်။

"ပိုင်တံခွန် မွေးနေ့မတိုင်ခင် သူ့ပရိတ်သတ် Kalicos လေးတွေက မွေးနေ့အထိမ်းအမှတ်အနေနဲ့ အလှူအတန်းများစွာ ပြုလုပ်ပေးခဲ့ကြပါတယ်။"

ပိုင်တံခွန်က ဒီအတွက် ဝမ်းနည်းဝမ်းသာဖြစ်မိကြောင်း လှုမှုကွန်ယက် ဖေ့ဘွတ်ခ်မှာ ပြန်လည်ဝေမျှထားပါသေးတယ်။

ပိုင်တံခွန်ဟာ အသက် ၂၃ နှစ်ပြည့်အရွယ်မှာဘဲ လူ့လောကထဲရောက်အောင် မွေးဖွားပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးဆပ်နိုင်ခဲ့ပါပြီ။

“ကျွန်တော့်ရဲ့ ကံကောင်းခြင်းက မိဘကိုလုပ်ကျွေးခွင့်ရတာပါပဲ။ ဒီနေ့ ကျွန်တော် အသက် ၂၃ နှစ်ပြည့်ပါပြီ” လို့ သူ့ရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်ခ် မှာ ရေးသားထားပါတယ်။

ဒီအရွယ်လေးနဲ့ မိဘအပေါ်သိတတ်တဲ့ ပိုင်တံခွန်၊ ပရိတ်သတ်တွေကို ချစ်ခင်လေးစားတတ်တဲ့ ပိုင်တံခွန် ဒီထက်မကတဲ့ အောင်မြင်ခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ပိုပိုလေးအဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Ref:Paing Takhon

(ပိုပိုလေး)



Follow us on