1. Home
  2. Movie Stars - Celebrity

နေမကောင်းလို့ ဆေးရုံတက်နေတဲ့ အဖြစ်ကို ရင်ဖွင့်လာတဲ့ ဂူဟဲဆောင်းန်

Movie Stars - Celebrity ก.ย. 19, 2562 view 1,575

မြန်မာပရိတ်သတ်တွေ F4 မင်းသမီးလေးလို့ သိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့မှာ ခင်ပွန်းသည် အန်ဂျယ်ဟွန်းက သူမကို ကွာရှင်းပြတ်စဲလိုတဲ့အကြောင်း လူမှုကွန်ယက်မှာ အသိပေးပြောကြားခဲ့ပါတယ။ အန်ဂျယ်ဟွန်းဘက်က ကွာရှင်းလိုပေမဲ့ သူမဘက်က ကွာရှင်းလိုတဲ့ ရည်ရွယ်ချက် မရှိကြောင်း ဂူဟဲဆောင်းန် ရှေ့နေမှတစ်ဆင့် ထုတ်ပြန်ကြေညာထားပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဂူဟဲဆောင်န်းဟာ အနုပညာလောကမှ အပြီးအပိုင်ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေညာထားပြီး နောက်ဆုံးအနေနဲ့ ‘I’m your pet’ ဆိုတဲ့စာအုပ် ထွက်ရှိသွားမယ်လို့ ပြောပါတယ်။

“နွေရာသီကြီးမှာ ကျွန်မ ဆေးရုံတက်နေရပါတယ်။ ခုထိ မဆင်းရသေးပါဘူး။ ကျွန်မ ရေးထားတဲ့ စာအုပ်လေး ပြီးသွားပြီဖြစ်လို့ ဖတ်လိုက်ဦးမယ် အားလုံးပဲ နေကောင်းအောင်နေကြပါ။” ဆိုပြီး အင်စတာဂရမ်မှာ ရေးသားထားပါတယ်။

ဂူဟဲဆောင်းန် You’re my pet စာအုပ်ကို ထုတ်ပေးတဲ့ စာအုပ်တိုက်မှ ထုတ်ပြန်ချက်>>

“အောက်တိုဘာလအစမှာ ဂူဟဲဆောင်းန် စာအုပ် ပရိုမိုးရှင်းဆင်းဖို့ ပွဲတစ်ခုရှိတယ်။ ဒါပေမဲ့ အခြေအနေတွေအရ ဒီပွဲကို စီစဉ်ဖို့ ခက်ခဲမှာအမှန်ပါပဲ။ လတ်တလောမှာတော့ ဘာပရိုမိုးရှင်း ပွဲမှ မရှိသေးပါဘူး” ဆိုပြီး ထုတ်ပြန်ကြေညာလာပါတယ်။

ဂူဟဲဆောင်းန် အတွက် ဒီလို အခြေအနေမျိုးမှာ public ထွက်ပြဖို့ ခက်ခဲနေမှာပါပဲ။

Ref:koreaboo

(ပိုပိုလေး)

 

 

 



Follow us on