1. Home
  2. Movie Stars - Celebrity

မထင်မှတ်ထားတဲ့ အပြုအမူနဲ့ ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့တဲ့ HyunA

Movie Stars - Celebrity ก.ย. 20, 2562 view 1,583

တောင်ကိုးရီးယားနိုင်ငံ တစ်ကိုယ်တော် Kpop အဆိုတော် HyunA ဟာဆိုရင် သီချင်းဆိုတဲ့နေရာမှာ sexy ကျတဲ့ ကကွက်မျိုးစုံကို ပိုင်နိုင်စွာကပြနိုင်တဲ့အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ Red, Bubble Pop အစရှိတဲ့ သီချင်းတွေဟာဆိုရင် သူမရဲ့ နာမည်ကြီးလူကြိုက်များတဲ့ သီချင်းတွေပါပဲ။

HyunA ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က Korea Aerospace University Festival မှာ Bubble Pop သီချင်းနဲ့အတူ ဖျော်ဖြေခဲ့ပါတယ်။

 ဖျော်ဖြေမှုပြီးဆုံးတဲ့အခါ HyunA တစ်ယောက် မထင်မှတ်တဲ့အပြုအမူတစ်ခု ကို fan service အနေနဲ့ ပြုလုပ်ပြလိုက်ပါတယ်။ HyunA ဟာ သူမရဲ့ စကတ်ကို အထက်ကို အနည်းငယ် ပင့်တင်လိုက်တာကြောင့် ပရိတ်သတ်တွေ အထိတ်တလန့် ဖြစ်သွားရပါတယ်။

"ပရိတ်သတ်တွေသာမက သူမအနောက်က Backup dancer တွေတောင် ပါးစပ်အဟောင်းသားဖြစ်သွားရပါတယ်။"

HyunA တစ်ယောက် ဘယ်လောက်ထိ fan service ပေးကြမ်းသွားတယ်ဆိုတာ သိရှိဖို့ ဗွီဒီယိုမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်>>

Ref:koreaboo

(ပိုပိုလေး)

 

 



Follow us on