1. Home
  2. Movie Stars - Celebrity

အဖေဆုံးတာ (၃)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ရဟန်းဝတ်ပြီး ကုသိုလ်ယူခဲ့တဲ့ ဥက္ကာမင်းမောင်

Movie Stars - Celebrity ก.ย. 23, 2562 view 1,773

မော်ဒယ်၊ သရုပ်ဆောင် ဥက္ကာမင်းမောင်ဟာဆိုရင် Mister Tourism World 2017 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး winner ဆုကို ရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဂုဏ်ဆောင်ထားတဲ့ မော်ဒယ်တစ်ယောက်အနေနဲ့ ပရိတ်သတ် ဝန်းရံမှုကို အပြည့်အဝ ရရှိထားသူ တစ်ဦးလဲဖြစ်လို့နေပါတယ်။

ပရိတ်သတ်ကြီးချစ်တဲ့ ဥက္ကာမင်းမောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့မှာ အသက် ၃၄ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ ၃၄ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ရော၊ ဖခင်ဆုံးတာ သုံးနှစ်ပြည့်အထိမ်းအမှတ် အတွက်ပါ ရည်စူးပြီး အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ် မြို့မှာရှိတဲ့ Azusa မြန်မာဘုန်းကြီးကျောင်းမှာ ဒုလ္လဘ ရဟန်း (၅) ရက်တိတိဝတ်ခဲ့ပါတယ်။

“၃၄ နှစ်ပြည့်မွေးနေ့အတွက်ရော ဖေကြီး တပါးသို့ကူးပြောင်းသွားတာ မကြာခင် ၃ နှစ်ပြည့်တော့မှာမို့ ဖေကြီးအတွက်ပါ ရည်စူးပြီး LA က Azusa ဘုန်းကြီးကျောင်းမှာ ဒုလ္လဘရဟန်း ၅ ရက်တာ ဝတ်ခဲ့ပါတယ်။” ဆိုပြီး လူမှုကွန်ယက် ဖေ့ဘွတ်ခ်မှတစ်ဆင့် ပြောကြားလာပါတယ်။

“မွေးနေ့ ရက်ပိုင်းအတွင်း ဘုန်းကြီးဝတ်နေလို့ ဖုန်းပိတ်ထားတာ Birthday Wish များအချိန်မှီ မပြန်နိုင်တာ ခွင့်လွှတ်ပါ မွေးနေ့ဆုတောင်းပေးသော သူများအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ” ဆိုပြီး သူ၏ လူမှုကွန်ယက် ဖေ့ဘွတ်ခ်အကောင့်ကနေ ပရိတ်သတ်ကို အသိပေးပြောကြားလိုက်ပါတယ်။

ဥက္ကာမင်းမောင်ဟာ လက်ရှိ အမေရိကမှာ နေထိုင်နေတာ ဖြစ်ပေမဲ့လို့ မြန်မာနိုင်ငံက အနုပညာလှုပ်ရှားမှုတွေနဲ့ အဆက်ပြတ်သွားခြင်းမျိုး မရှိသေးပါဘူး။ ပရိတ်သတ်တွေ အတွက် အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေဆဲပဲဖြစ်ပါတယ်။

အဖေဆုံးတာ သုံးနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ရဟန်းဝတ်ပြီး ကုသိုလ်ယူလိုက်တဲ့ ဥက္ကာမင်းမောင်ကို ဖခင်ဖြစ်သူ တမလွန်ကနေ သာဓုခေါ်နေမှာ အမှန်ပါပဲ။

Ref:Ye Htoo Win

(ပိုပိုလေး)

 

 

 



Follow us on