1. Home
  2. Movie Stars - Celebrity

Fan meeting ကိုလာရောက်ကြည့်ရှုသူနည်းပါးလွန်းတာကြောင့် အခက်တွေ့ခဲ့တဲ့ Blackpink

Movie Stars - Celebrity ก.ย. 23, 2562 view 2,012

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Blackpink ဟာပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ၊ Olympic Park, Olympic Hall မှာ fan meeting ကျင်းပပြုလုပ်ခဲ့ပါတယ်။

လူပေါင်း နှစ်ထောင်ကျော် ဝင်ဆံ့တဲ့ Olympic Hall မှာ ခုံနေရာလွတ်တွေ အများကြီး ရှိနေခဲ့တာကြောင့် လူထုပရိတ်သတ် အံ့အားသင့်ခဲ့ရပါတယ်။

"Blackpink ဟာ ဒီ fan meeting ထက် အရင် ပြုလုပ်ခဲ့တဲ့ fan meeting မှာတုန်းက ရိုးရိုးတန်း ခုံ ၃၈၄ ခုံ၊ VIP ခုံ ၅၆ ခုံ ကျန်ရှိခဲ့ပါတယ်။ အခုတစ်ခေါက်ပွဲမှာတော့ ရိုးရိုးတန်း ၃၃၀ ခုံနဲ့ VIP တစ်နေရာစာ ကျန်ရှိလို့နေပါတယ်။"

Blackpink လို ကမ္ဘာကျော်တဲ့ အဆိုတော် အဖွဲ့အနေနဲ့ ပုံမှန်အတိုင်းဆို လူများပြီးပွဲစည်နေရမှာပါပဲ။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကို ပရိတ်သတ်တစ်ဦးက အင်တာနက်မှာ အောက်ပါအတိုင်း ပြောပြလာပါတယ်။

“လက်မှတ်တွေက ဝမ် ၉ ထောင် နီးပါးပဲ ဈေးကြီးလွန်းတယ်”

“အယ်လ်ဘမ် ရောင်းအားကောင်းတယ်ဆိုတာကလဲ နိုင်ငံခြားကသူတွေပဲ အများဆုံးဝယ်တာပါ။” ဆိုပြီး ပရိတ်သတ်က ပြောထားပါတယ်။

Blackpink ဟာ နိုင်ငံတကာမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေပေမယ့် အမိမြေ တောင်ကိုးရီးယားမှာတော့ ထင်သလောက် ခရီးမရောက်ပုံပါပဲ။

Ref:koreaboo

(ပိုပိုလေး)

 

 

 

 



Follow us on