1. Home
  2. Movie Stars - Celebrity

ပရိတ်သတ်နာမည်နဲ့ ပိုက်ဆံသန်းချီအလှူပေးလိုက်တဲ့ IU

Movie Stars - Celebrity ก.ย. 23, 2562 view 1,856

လတ်တလော tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသပြီးစီးသွားတဲ့ Hotel Del Luna မှ သူဌေးမလေး IU ဟာ အပြင်မှာလဲ အမှန်အကန် သူဌေးမလေးတစ်ဦးပါပဲ။

"IU ဒီလထဲမှာ အဆိုတော်အဖြစ်ပွဲဦးထွက်ခဲ့တာ ၁၁ နှစ်တိတိပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။"

IU ဟာ အဆိုတော်အဖြစ်ရပ်တည်လာတာ ၁၁ နှစ်ပြည့်တဲ့  အထိမ်းအမှတ်အနေနဲ့ Kyunghee တက္ကသိုလ်ရဲ့ ငြိမ်းချမ်းရေး ခန်းမဆောင်မှာ သူမရဲ့ ပရိတ်သတ် ခြောက်ထောင်ကျော်နဲ့ တွေ့ဆုံပွဲလေးတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။

ထိုပွဲမှာ IU က သီချင်းများစွာကို သီဆိုဖျော်ဖြေခဲ့ပြီး ပရိတ်သတ်တွေအတွက် အလှူအတန်း တစ်ခုပြုလုပ်ပေးထားကြောင်း အသိပေးပြောကြားသွားပါတယ်။

‘UAENA’ လို့ခေါ်ကြတဲ့ သူမပရိတ်သတ်တွေရဲ့ နာမည်နဲ့ ကိုးရီးယား ဝမ်သန်း (၁၀၀) တိတိကို သူမပွဲဦးထွက်ခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ဒီပိုက်ဆံက အမေရိကန်ဒေါ်လာနဲ့ဆိုရင် ဒေါ်လာ ၈သောင်း ၄ ထောင်နီးပါးရှိတယ်လို့ ဆိုရမှာပါ။

"ပုံမှန်အားဖြင့် Idols တွေအတွက် ရည်စူးပြီး fans တွေက အလှူအတန်း လုပ်ပေးကြတာမျိုးရှိပေမဲ့ idols က fans အတွက် ရည်စူးပြီး လုပ်ပေးတာမျိုး ဒါ ပထမဦးဆုံးပဲဖြစ်ပါတယ်။"

ပရိတ်သတ်ကို အလေးထားချစ်ခင်ပေးတတ်တဲ့ IU ရဲ့စိတ်ဓာတ်ကိုတော့ မလေးစားဘဲ မနေနိုင်တော့ပါဘူး။

Ref:koreaboo

(ပိုပိုလေး)



Follow us on