1. Home
  2. Movie Stars - Celebrity

နယူးယောက်မြို့မှာ ပန်းချီပညာသွားရောက်သင်ယူနေတဲ့ ဆောင်းဟယ်ကျို

Movie Stars - Celebrity ก.ย. 24, 2562 view 1,626

‘အွန်စော’ လို့ မြန်မာပရိတ်သတ်တွေသိကြတဲ့ သရုပ်ဆောင် ဆောင်းဟယ်ကျိုဟာ ဇာတ်လမ်းတွဲကြိုက်နှစ်သက်သူ မြန်မာပရိတ်သတ်တွေအတွက် အသည်းဦးဆိုလဲ မမှားပါဘူး။

ဆောင်းဟယ်ကျို ခင်ပွန်းသည် ဆောင်းဂျွန်ကီနဲ့ ဇူလိုင် ၂၂ ရက်နေ့မှာ တရားဝင် ကွာရှင်းပြတ်စဲပြီးနောက် အနုပညာနဲ့ ကုန်ပစ္စည်းကြော်ငြာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။

အလုပ်လုပ်ရတာ ကြိုက်တဲ့သူမဟာ အသစ်အဆန်းတွေကို အဆက်မပြတ် လေ့လာသင်ယူရတာကို ကြိုက်နှစ်သက်ပုံပါပဲ။ ဟောင်ကောင် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Apple Daily သတင်းထုတ်ပြန်ချက်အရ ဆောင်းဟယ်ကျို လတ်တလော အမေရိကန်၊ နယူးယောက်မြို့မှာ ပန်းချီကျောင်းသူတစ်ယောက်အနေနဲ့ ပညာဆည်းပူးနေကြောင်းသိရှိရပါတယ်။

"ဆောင်းဟယ်ကျိုဟာ နယူးယောက်စီးတီးကို New York Fashion Week ပွဲအတွက်ရောက်ရှိနေတာပဲဖြစ်ပါတယ်။ fashion week ကိုလာရောက်ရင်း ရက်တိုပန်းချီသင်တန်းကို တက်ရောက်သွားတယ် လို့ ဟောင်ကောင်မီဒီယာ Apple Daily ကပြောပါတယ်။"

ဒီကိစ္စနဲ့စပ်လျဉ်းပြီး ဆောင်းဟယ်ကျိုရဲ့ အေဂျင်စီ UAA မှ “ဒါက သူမရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စဖြစ်တာမို့ ဘာမှပြောစရာမရှိပါဘူး” လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

ဆောင်းဟယ်ကျိုဟာ ခင်ပွန်းသည်နဲ့ ကွာရှင်းပြီးကတည်းက အလုပ်တွေ ဆက်တိုက်လုပ်နေခဲ့တာပဲဖြစ်ပါတယ်။ အလုပ်ကို ချစ်မြတ်နိုးတဲ့ အစ်မ Kyo ဒီထက်မက အောင်မြင်ဦးမှာပါ။ ယူတတ်ရင် သူမဆီက အတုယူစရာတွေကလဲ အများကြီးပါပဲ။

Ref:koreaboo

(ပိုပိုလေး)

 



Follow us on