နာမည်ကြီး ကိုးရီးယား ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ Running Man အဖွဲ့ဝင်တွေဟာ ၉ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပရိတ်သတ်နဲ့ တွေ့ဆုံဖို့ fan meeting လေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲမှာ Running Man အဖွဲ့ဝင်တွေဟာ အရင်ကနဲ့ မတူတဲ့ ဖျော်ဖြေတင်ဆက်မှုမျိုးတွေနဲ့ Runners တွေကို ဖျော်ဖြေသွားခဲ့တာပါ။
One Million Dance Studio မှ dance trainer တစ်ဦးဖြစ်တဲ့ Lia Kim ဟာ Running Man အဖွဲ့ဝင်တွေ fan meeting မှာ ကပြဖျော်ဖြေနိုင်ဖို့ ဦးဆောင်လမ်းပြသင်ကြားပေးခဲ့ပါတယ်။ ခက်ခဲလွန်းတဲ့ ကကွက်တွေကို Running Man အဖွဲ့ဝင်တွေ ကပြဖျော်ဖြေပြီးနောက်မှာတော့ Running Man အဖွဲ့ဝင်တွေဟာ ပရိတ်သတ်တွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
စကားလုံးနဲ့ မဖော်ပြတတ်ပေမယ့် Ji Hyo ပရိတ်သတ်အပေါ်ထားရှိတဲ့ မေတ္တာ၊ စေတနာတွေဟာ သူမရဲ့ မျက်နှာပေါ်မှာ အတိုင်းသားပေါ်လို့နေပါတယ်။
ဖြတ်သန်းလာတဲ့ ကိုးနှစ်အတွင်းမှာ Running Man အဖွဲ့ဝင်တွေဟာ အတူတကွအခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ဖူးတာကြောင့် သူတို့ကြားက သံယောဇဉ်ကြိုးကလဲ အခိုင်အမာဖြစ်လို့နေပါပြီ။ Ji Hyo ရော Running Man ပါ ဒီထက်မကတဲ့ အောင်မြင်မှုမျိုးတွေ ပိုင်ဆိုင်နိုင်ရပါစေ၊ Runners တွေနဲ့အတူ ပျော်ရွှင်ရတဲ့ ဘဝတွေကို အတူဖြတ်သန်းနိုင်ပါစေလို့ပဲ မျှော်လင့်မိပါတယ်။
Ref:koreaboo
(ပိုပိုလေး)