1. Home
  2. Special or Others

ထိုးချင်လိုက်တဲ့ တက်တူး အသည်းငယ်တာလည်း သူ့အပြင်မရှိ (ရုပ်သံ)

Special or Others ก.ย. 25, 2562 view 1,785
အခုခေတ်မှာ တက်တူးထိုးတာတွေ ခေတ်စားလာပြီးနောက် အမျိုးသားရော အမျိုးသမီးတွေပါ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးလာကြပါတယ်။ 
 
တက်တူးထိုးတယ်ဆိုတာ နောက်ကြောင်းပြန်လှည့်လို့မရတဲ့အတွက် အထိုးခံသူတွေအနေနဲ့ ဆုံးဖြတ်ချက် ခိုင်မာရုံသာမက အသားအနာခံဖို့လည်း သတ္တိတွေ အသင့်ရှိထားတာက သူတို့တွေရဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။
 
စက်တင်ဘာလ ၂၂ ရက်နေ့က အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ တက်တူးဆိုင်တစ်ခုက ရုပ်သံက ပရိသတ်တွေကို တစ်ဝါးဝါးနဲ့ ပွဲကျစေခဲ့ပါတယ်။
ရုပ်ဖြောင့်ဖြောင့် ဘော်ဒီတောင့်တောင့်နဲ့ အမျိုးသားတစ်ဦးဟာ တက်တူးထိုးခံနေစဉ် ကလေးတစ်ယောက်လို မချိမဆန့် အော်ဟစ်ငိုယိုနေတာက ငိုအားထက်ရယ်အားသန်စေခဲ့ပါတယ်။
 
အသည်းအသန်အော်ဟစ်နေတဲ့ အမျိုးသားကို တက်တူးဆရာက တစ်ခွန်းပဲပြောလိုက်ပါတယ် “ဟေ့ရောင် ငါ ထိုးတောင် မထိုးရသေးဘူး” တဲ့။
 


Follow us on