တောင်ကိုးရီးယားနိုင်ငံရှိ နာမည်ကြီး မော်ဒယ်တစ်ဦးဖြစ်တဲ့ Han Hye Jin ဟာ သမီးရည်းစားတွေကြား တစ်ယောက်ပေါ်တစ်ယောက် သံသယများရတဲ့အကြောင်းအရင်းကို Hogu Life အစီအစဉ်မှာ ပြောပြခဲ့ပါတယ်။ ချစ်သူရှိတဲ့ ပရိတ်သတ်တွေ ဖတ်ရှုသင့်တဲ့ အကြောင်းအရာလေးမို့ ပိုပိုလေးက ရှေးရှုမေတ္တာ စေတနာထားပြီး ချစ်ပရိတ်သတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

သမီးရည်းစား ချစ်သူစုံတွဲတွေကြား တစ်ယောက်ကိုတစ်ယောက် လိမ်တယ်၊ ညာတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စပါလို့ Han Hye Jin ကပြောပြထားပါတယ်။ “လိမ်တာဟာ မျိုးရိုးလိုက်တာကြောင့် ဖြစ်နိုင်ပြီး တချို့ကလဲ အကျင့်ပါသွားပြီး ဆက်လိမ်ဖြစ်သွားကြတာ” ဖြစ်တယ်လို့ ထပ်ဆောင်းပြောထားပါသေးတယ်။
.jpg)
“လူတွေဟာ လိမ်ရညာရတာ အကျင့်ပါလာတော့ မလိမ်ဘဲနဲ့ မနေနိုင်တော့ဘူး၊ အလိမ်ခံရတဲ့သူ ဘယ်လိုဖြစ်သွားမယ်ဆိုတာလဲ သူတို့မစဉ်းစားတော့ဘူး။”

တစ်ဖန် အစီအစဉ်မှာ ပါဝင်သူ Jun Jin က “လိမ်တတ်ညာတတ်တဲ့လူတွေ အသက်ကြီးလာပြီး ရည်းစားရှာတဲ့အခါ အခက်တွေ့တာပဲ အဲ့အချိန်ကစလို့ သူတို့ဘဝကြီး ကမောက်ကမတွေဖြစ်ကုန်ပြီလေ” ဆိုပြီးပြောပါတယ်။

တစ်ဖန် Han Hye Jin က သမီးရည်းစား စုံတွဲတွေနဲ့ ပတ်သတ်ပြီး သူကိုယ်ပိုင် အတွေ့အကြုံကို ဝေမျှလာပါတယ်။ “လိမ်ညာပြီး အမြဲသစ္စာဖောက်တဲ့လူတွေက ရည်းစားထားတဲ့အခါ တစ်ဖက်လူကိုလဲ သူတို့လို အောက်မေ့ပြီး သံသယတွေ ထားတတ်ကြတယ်၊ ချုပ်နှောင် ခြယ်လှယ်တတ်ကြတယ်” ဆိုပြီး ပြောပြသွားပါတယ်။
Ref:koreaboo
(ပိုပိုေလး)