1. Home
  2. Movie Stars - Celebrity

လူသတ်ရုပ်ရှင် ဇာတ်ကားမှာအတူပါဝင်သရုပ်ဆောင်နိုင်ချေရှိတဲ့ Suzy နဲ့ Park Bo Gum

Movie Stars - Celebrity ก.ย. 25, 2562 view 1,668

တောင်ကိုးရီးယားရဲ့ အချစ်ဦးလို့ တင်စားခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် Suzy ဟာ ဒါရိုက်တာ Kim Tae Young ရိုက်ကူးမယ့် Wonderland ရုပ်ရှင်ကားကြီးမှာ အတူပါဝင်သရုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။

Kim Tae Young ဆိုတာကတော့ ကမ္ဘာကျော် တရုတ်မင်းသမီး Tang Wei ရဲ့ ခင်ပွန်းသည်ပဲဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသမီးကြီး Tang Wei ၊ Choi Woo Sik နဲ့ Suzy တို့ ပါဝင်ဖို့ အတည်ပြုကြေညာပြီးပြီပဲဖြစ်ပါတယ်။

Illgan Sports သတင်းမီဒီယာ တင်ပြချက်အရ Wonderland ရုပ်ရှင်ကားမှာ မင်းသားအဖြစ် ပါဝင်ဖို့ Park Bo Gum ကို ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဒီဇာတ်ကားမှာပါဝင်ဖို့ Park Bo Gum အနေနဲ့ အတည်ပြုခြင်းမျိုး မရှိသေးပေမယ့် ဇာတ်ညွှန်းကို သေချာ ဂရုတစိုက် ကြည့်ရှုနေပြီဖြစ်ကြောင်း Illgan Sports မီဒီယာမှ ပြောပြလာပါတယ်။

Park Bo Gum နဲ့ Suzy တို့ဟာ Baeksang ရုပ်ရှင်ဆုပေးပွဲမှာ အတူတကွ MC လုပ်ခဲ့ဖူးပြီး လိုက်ဖက်ညီလွန်းတာကြောင့် ပရိတ်သတ်တွေက ဇာတ်လမ်းတွဲ ဒါမှမဟုတ် ရုပ်ရှင် ဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်တာကို မြင်တွေ့ချင်နေကြပါတယ်။ Park Bo Gum သာ ဒီဇာတ်ကားကို လက်ခံလိုက်ရင် လိုက်ဖက်ညီတဲ့ သူတို့နှစ်ဦးကို ရုပ်ရှပ်ဇာတ်ကား တစ်ကားထဲမှာ အတူတကွ မြင်တွေ့ခွင့်ရဦးမှာပဲဖြစ်ပါတယ်။

ref:koreaboo

(ပိုပိုလေး)



Follow us on