1. Home
  2. Special or Others

Sales Target မပြည့်လို့ ကြက်ဥအနှစ်နဲ့ ကြက်ဟင်းခါးသီး အစိမ်းစားခိုင်းပြီး ဒဏ်ပေး

Special or Others ก.ย. 27, 2562 view 1,855
မားကတ်တင်းလုပ်ရတာ မြန်မာပြည်မှာပဲ ချောင်တယ်၊ ရောင်းရရ မရောင်းရရ အခြေခံလစာလေးယူပြီး ရွှီရှောင် လုပ်လို့ ရချင်ရပါလိမ့်မယ်။
နိုင်ငံခြားမှာတော့ သွားမလုပ်နဲ့ နားကားသွားပါလိမ့်မယ်။ အထူးသဖြင့် တရုတ်ပြည်လို နိုင်ငံမျိုးမှာဆိုရင် သူဌေးက နေမှာမဟုတ်ပါဘူး။
 
လက်တလော တရုတ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံမှာ သတ်မှတ်ထားတဲ့ Sales terget မပြည့်တဲ့ ဝန်ထမ်းတွေကို တန်းစီပြီး အလုပ်ရှင်သူဌေးက ကြက်ဥအစိမ်းနဲ့ ကြက်ဟင်းခါးသီးစိမ်းတို့ကို ရောစားခိုင်းကာ အပြစ်ပေးနေတာ တွေ့ရပါတယ်။
 
စိမ်းရွေရွေအနှစ်နဲ့ ခါးသက်တဲ့ အရသာတွေ့တဲ့အခါ ဝန်ထမ်းတွေ မခံနိုင်ပဲ ကြမ်းပြင်ပေါ်ဒူးထောက်ချ အန်ထွက်ကုန်ပါတယ်။ ဒါပေမယ့် သူဌေးက နောက်ကနေ အဆက်မပြတ် မောင်းနေတာကိုလည်း တွေ့ရပါတယ်။
 
 
ဓါတ်ပုံစတူဒီယိုတစ်ခုမှာ သူဌေးက ဝန်ထမ်းတွေကို အပြစ်ပေးတာလို့ သိရပါတယ်။ ဒီရုပ်သံပျံ့နှံ့ပြီး ဝေဖန်မှုတွေ များနေခဲ့ပေမယ့် သူတို့ကတော့ မှုပုံမရပါဘူး။ သူဌေးက target မပြည့်တဲ့ ဝန်ထမ်းတွေကို အစိုးရရုံးပိတ်ရက်တွေမှာ အလုပ်လာဆင်းမလား ကြက်ဥနှစ်နဲ့ ကြက်ဟင်းခါးသီးစိမ်း စားမလားလို့ ရွေးချယ်ခိုင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် အခါးစားတာဟာ ဆေးဘက်တောင်ဝင်သေးတယ်လို့ ဂုဏ်ယူဝံ့ကြွားနေပါသေးတယ်။
 
သင့်ကုမ္ပဏီမှာရော Sales Target မပြည့်ရင် အထက်လူကြီးတွေက ဘယ်လိုအပြစ်ပေးလေ့ရှိလဲဆိုတာ ရှယ်ပေးခဲ့ဦးနော်။

 



Follow us on