လူမှုကွန်ယက် စာမျက်နှာ တွစ်တာမှာ အမေရိကန် သမ္မတအိုဘားမားနဲ့BTS အဖွဲ့ဝင် Jung Kook တို့ နှစ်ယောက်ရဲ့ ပို့စ်တွေဟာ လတ်တလော လူကြိုက်အများဆုံး ပို့စ်တွေဖြစ်လို့နေပါတယ်။
.jpg)

BTS ဟာ အနောက်နိုင်ငံတွေမှာ လူကြိုက်များ ကျော်ကြားလာပြီးနောက် တွစ်တာမှာ သန်းချီတဲ့ ဖော်လိုဝါတွေရရှိလာပြီး ပို့စ်တစ်ခုတင်တိုင်း like သန်းချီရရှိလို့နေပါတယ်။
.png)
အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားဟာ သူ့ရဲ့ စိတ်ထားဖြူစင်မှု၊ လူတွေ အပေါ် ကူညီတတ်မှု၊ ကောင်းကျိုးရှေးရှုတတ်မှုတွေကြောင့် လူချစ်လူခင်ပေါသူတစ်ဦးပါ။ တွစ်တာမှာ သူပို့စ်တစ်ခါတင်တိုင်း like ပေါင်း ၂သန်းကျော်လောက်ကတော့ အသာလေးပါပဲ။

လတ်တလောတွစ်တာမှာ ဟော့အဖြစ်ဆုံးနဲ့ လူကြိုက်အများဆုံး လူနှစ်ဦးကို စစ်တမ်းကောက်ယူကြည့်လိုက်တဲ့အခါမှာ Jung Kook နဲ့ အိုဘားမားတို့ နှစ်ဦးက ထိပ်ဆုံးကနေပြီး နေရာယူလို့နေပါတယ်။

“wow လက်ရှိမှာ Jung Kook နဲ့ အိုဘားမားက တွစ်တာမှာ လူကြိုက်အများဆုံးဖြစ်နေတာပဲ Jung kook ကတော့ အံ့မခန်းပဲ” ဆိုပြီး ရှာဖွေတွေ့ရှိထားတဲ့ ပရိတ်သတ် တစ်ယောက်က ရေးသားထားပါတယ်။

Jung Kook အနေနဲ့ သမ္မတဟောင်း အိုမားဘားနဲ့ တန်းတူအောင်မြင်လာတာဟာ Armys လေးတွေအတွက် ဂုဏ်ယူစရာ ကိစ္စရပ်တစ်ခုပါပဲ။
Ref:koreaboo
(ပိုပိုေလး)