တောင်ကိုးရီးယား ဇာတ်လမ်းတွဲ သရုပ်ဆောင် Seo Ji Hye ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ မှာ တင်ခဲ့တဲ့ အင်စတာဂရမ်ပို့စ် ကြောင့် လူထုပရိတ်သတ်ရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်တာကို ခံနေရတာပဲဖြစ်ပါတယ်။
ခေတ်ကြီးက တိုးတက်ပြောင်းလဲလာပေမယ့် ကိုးရီးယားရဲ့ ဖို၊မ ခွဲခြားဆက်ဆံရေးကတော့ အရင်လို အရင်အတိုင်းပဲရှိနေဆဲပါ။ သရုပ်ဆောင် Seo Ji Hye ပဲ မဟုတ်ပါဘူး ဒီမတိုင်ခင် Red Velvet အဖွဲ့ဝင် Irene လဲ မဝါဒီ လွှမ်းမိုးတဲ့ စာအုပ်မျိုးဖတ်တာကြောင့် ရှုံ့ချ ဝေဖန်ခံခဲ့ရပါသေးတယ်။
Seo Ji Hye ဖတ်ခဲ့တဲ့ Kim Ji Young, Borin in 82 ဝတ္ထုစာအုပ်ကို ကမ္ဘာကျော် Train to Busan မှ အဓိကဇာတ်ဆောင်များဖြစ်ကြတဲ့ Gong Yoo နဲ့ Jung Yumi တို့က ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၉ အောက်တိုဘာမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။
Ref:allkpop
(ပုိပုိေလး)