1. Home
  2. Movie Stars - Celebrity

မကြာခင် သီချင်းအသစ်နဲ့ ပရိတ်သတ်ရှေ့ပြန်လည်ရောက်ရှိလာတော့မယ့် IU

Movie Stars - Celebrity ก.ย. 30, 2562 view 1,866

လတ်တလော tvN ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသပြီးစီးသွားတဲ့ Hotel Del Luna ဇာတ်လမ်းတွဲမှ သူဋ္ဌေးမလေး IU ဟာ လာမယ့် အောက်တိုဘာလထဲ သီချင်းအသစ်နဲ့အတူ ပရိတ်သတ်ရှေ့တော်မှောက် ပြန်လည်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

IU ဟာ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာမှာ BBIBBI သီချင်းကို ထွက်ရှိခဲ့ပြီး တစ်နှစ်နီးပါး သီချင်းအသစ်မထွက်ဘဲ ဒရာမာ ဇာတ်လမ်းတွဲနဲ့ ကြော်ငြာများကိုသာ ဆက်တိုက်ရိုက်ကူးနေခဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ဟာ IU ပွဲဦးထွက် ၁၁ နှစ်ပြည့်တဲ့နေ့ပဲဖြစ်ပါတယ်။ IU ဟာ စက်တင်ဘာ ၁၈ မှာ သူမပရိတ်သတ်တွေ နာမည်နဲ့ ဝမ်သန်း ၁၀၀ တိတိ လှူခဲ့ပါတယ်။

IU ဟာ သူမရဲ့ သီချင်းအသစ်တွေကို မျှော်လင့်စောင့်စားနေတဲ့ ပရိတ်သတ်တွေအတွက် မအားတဲ့ကြားထဲက ကြိုးစားအားထုတ်ထားတာပဲဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာမှာ ထွက်ရှိလာတော့မယ့် IU ရဲ့ သီချင်းအသစ်တွေက ဘယ်လိုဖြစ်မယ်ဆိုတာကို ပိုပိုလေးနဲ့အတူ ဆက်လက်မျှော်လင့်စောင့်စားလိုက်ရအောင်လား ပရိတ်သတ်ကြီးရေ။

Ref:koreaboo

(ပိုပိုေလး)

 

 



Follow us on