1. Home
  2. Movie Stars - Celebrity

အလုပ်မအားတဲ့ကြားထဲက Yoo In Na မန်နေဂျာ မင်္ဂလာပွဲမှာ သီချင်းသွားဆိုပေးခဲ့တဲ့ IU

Movie Stars - Celebrity ต.ค. 01, 2562 view 1,651

တောင်ကိုးရီးယား နာမည်ကျော် သရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ Yoo In Na နဲ့ IU တို့ဟာ ပြင်ပမှာ ညီအစ်မအရင်းလို ခင်မင်ရင်းနှီးကြသူတွေပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က လူမှုကွန်ယက် အင်တာနက်မှာ IU တစ်ယောက် လက်ထပ်မင်္ဂလာပွဲမှာ သီချင်းသွားဆိုတဲ့ ပုံလေးတွေတက်လာပါတယ်။ IU သီချင်း သွားဆိုတဲ့ ပွဲကတော့ Yoo In Na မန်နေဂျာရဲ့ မင်္ဂလာအခမ်းအနားပဲဖြစ်ပါတယ်။

IU ဟာ top star တစ်ယောက်ဖြစ်တဲ့အလျောက် အမြဲတမ်းလိုလို အလုပ်ရှုပ်နေတတ်သူတစ်ဦးပါ။ IU အောက်တိုဘာလထဲမှာ သီချင်းအသစ်ထွက်ရှိဖို့ အချိန်နဲ့အမျှ လုံးပန်းနေရပေမဲ့ အစ်မအရင်းတစ်ယောက်လို ခင်မင်ရတဲ့ Yoo In Na ရဲ့ တောင်းဆိုမှုကြောင့် မန်နေဂျာရဲ့ မင်္ဂလာဆောင်မှာ သွားရောက် သီချင်းသီဆိုပေးခဲ့ပါတယ်။

Yoo In Na ရဲ့ မန်နေဂျာဟာ သူမ သရုပ်ဆောင်အနေနဲ့ ပွဲဦးထွက်ကတည်းက အချိန်အတော်ကြာ လက်တွဲလာတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။
 
IU ဟာ ဒီမင်္ဂလာပွဲမှာ သူမကိုယ်ပိုင် သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Meaning of You” သီချင်းကို သီဆိုဖျော်ဖြေသွားခဲ့ပါတယ်

IU အခုလို အလုပ်မအားတဲ့ကြားက သူငယ်ချင်းအတွက် မန်နေဂျာ မင်္ဂလာဆောင်မှာ လာရောက်သီချင်းဆိုပေးတာကို ပရိတ်သတ်တွေက လူမှုကွန်ယက်မှာ အောက်ပါအတိုင်းရေးသားလာကြပါတယ်။

“IU က သစ္စာရှိလိုက်တာ”
 
“မန်နေဂျာတို့ ဇနီးမောင်နှံအတွက် တစ်သက်မမေ့နိုင်တဲ့ လက်ဆောင် ဖြစ်သွားမှာ အမှန်ပဲ”
 
“IU နဲ့ Yoo In Na တို့ကြားက ဆက်ဆံရေးက အရမ်း ချစ်ဖို့ ကောင်းတာပဲ” ဆိုပြီး ရေးသားထားကြပါတယ်။

အလုပ်မအားတဲ့ကြားထဲက သူငယ်ချင်းရဲ့ လူမှုရေးကိစ္စတွေမှာပါ အတူ လိုက်ပါကူညီဆောင်ရွက်ပေးတတ်တဲ့ IU ရဲ့ စိတ်ဓာတ်လေးကို စာရေးသူ ချစ်လဲချစ်သလို လေးလဲ လေးစားမိပါတယ်။

Ref:koreaboo

(ပိုပိုေလး)



Follow us on