1. Home
  2. Special or Others

ဖုန်းအပူလွန်ကဲ ပေါက်ကွဲမှုကြောင့် ၁၄ နှစ်အရွယ် ကျောင်းသူသေဆုံး

Special or Others ต.ค. 01, 2562 view 1,605
ကာဇက်စတန်နိုင်ငံက အသက် ၁၄ နှစ်အရွယ် ကျောင်းလေး တစ်ဦးဟာ ဖုန်းကို အိပ်ယာဘေးမှာ တစ်ညလုံးအားသွင်းထားရင်း အိပ်ပျော်နေစဉ် ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရကာ သေဆုံးသွားခဲ့ပါတယ်။
 
 
Daily Mail သတင်းအရ အသက် ၁၄ နှစ်အရွယ် ကျောင်းသူလေး “Alua Asetkyzy Abzalbek” ဟာ ဘတ်စ်တိုဘီ ကျေးရွာရှိ သူမရဲ့နေအိမ်မှာ ညအိပ်ခါနီး ဖုန်းနဲ့ သီချင်းနားထောင်ခဲ့ပါတယ်။ အဲဒီနောက် အိပ်ယာရဲ့ခေါင်းရင်း ခေါင်းအုံးနားမှာ ဖုန်းကို အားသွင်းထားခဲ့ပြီး အိပ်ပျော်သွားခဲ့ပါတယ်။ 
 
နောက်တစ်နေ့နံနက်မှာတော့ သူမကို မီးလောင်ပေါက်ကွဲနေတဲ့ ဖုန်းအနီးနားမှာ သေဆုံးလျှက်တွေ့ခဲ့ရပါတယ်။ ဆွေမျိုးတွေက အရေးပေါ်ကို အကြောင်းကြားခဲ့ပေမယ့် ဆေးအဖွဲ့ကစမ်းသပ်ခဲ့ပြီးနောက် သူမသေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ 
 
 
ရဲတွေရဲ့ စစ်ဆေးချက်အရ တစ်ညလုံးအားသွင်းထားတဲ့ ဖုန်းကနေ အပူလွန်ကဲကာ ဖုန်းက မီးလောင်ပေါက်ကွဲပြီး သူမရဲ့ ဦးခေါင်းကို ထိမှန်ဒဏ်ရာရ သေဆုံးကြောင်းတွေ့ရှိတဲ့အတွက် ဝမ်းနည်းစရာ မတော်တဆသေဆုံးမှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ သူမအသုံးပြုခဲ့တဲ့ ဖုန်းအမျိုးအစားကိုတော့ ရဲတွေက ဖော်ပြခဲ့ခြင်းမရှိပါဘူး။
 
 
“Alua” ရဲ့ သူငယ်ချင်းဖြစ်တဲ့ “Ayazhan Dolasheva” ၁၅ နှစ်ကတော့ သူ့သူငယ်ချင်း အခုလို ရုတ်တရက်ကွယ်လွန်သွားတာ သူ့အနေနဲ့ မယုံကြည်နိုင်လောက်အောင် ဖြစ်ရတယ်လို့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ထိုင်းနိုင်ငံက လူငယ်တစ်ဦး ဖုန်းအားသွင်းရင်းနဲ့ အိပ်ပျော်သွားရာကနေ ဓါတ်လိုက်သေဆုံးမှုတစ်ခု ဖြစ်ပျက်ခဲ့ပါသေးတယ်။
 


Follow us on