တောင်ကိုးရီးယား ထိပ်တန်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Gong Yoo ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ မှာ ရုပ်ရှင်ဇာတ်ကားသစ် မိတ်ဆက်ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ Gong Yoo ဟာ လတ်တလော Kim Ji Young, born 1982 ရုပ်ရှင်ကားကြီးမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ Gong Yoo က ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုဖတ်ပြီး မျက်ရည်ကျမိတယ်လို့ အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားမှာ ပြောပြသွားပါတယ်။ “ဒီဇာတ်လမ်းကို ဖတ်ပြီး ကျွန်တော့် မိသားစုအကြောင်းကို စဉ်းစားဖြစ်တယ်၊ အိမ်မှာ တစ်ယောက်ထဲ ငိုမိတဲ့အထိပဲ၊ ကျွန်တော်ဟာ အမေ့အတွက် သားကောင်းတစ်ယောက်မဟုတ်ခဲ့ဘူး ဒီဇာတ်လမ်းဖတ်ပြီးပြီးချင်းမှာပဲ အမေ့ကိုဖုန်းဆက်ပြီး ကျေးဇူးတင်စကားပြောဖြစ်ခဲ့တယ်” ဆိုပြီး Gong Yoo က ပြောပြသွားပါတယ်။ Gong Yoo ပါဝင်သရုပ်ဆောင်မယ့် Kim Ji Young, born 1982 ရုပ်ရှင်ကားဟာ နာမည်ကြီး ဝတ္ထုကိုပြန်လည်ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်ပြီး ထိုခေတ်အခါတုန်းက အသက် ၃၀ ဝန်းကျင် အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ရဲ့ လူနေမှုဘဝပုံစံတွေကို ရိုက်ကူးတင်ဆက်ပြသွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Gong Yoo နဲ့အတူ Train To Busan မှာပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသမီး Jung Yumi ကလဲ အတူပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ တော့ပ်စတားတို့ ပြန်လည်ဆုံတွေ့တဲ့ ဇာတ်ကားတစ်ကားဖြစ်တာမို့ စောင့်ရကျိုးနပ်တဲ့ ဇာတ်ကားကောင်းလေးဖြစ်လိမ့်မယ်လို့ ထင်မှတ်မိပါတယ်။ Ref:koreaboo (ပိုပိုလေး)
မင်္ဂလာသက်တမ်း (၁၀) နှစ်ပြည့်သွားပြီဖြစ်တဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင် နှင့် ပြေတီဦး တို့ဇနီးမောင်နှံ Movie Stars - Celebrity ม.ค. 05, 2564view 154,965
ဒုတိယအကြိမ် ကိုဗစ်ရောဂါပိုး ထပ်မံကူးစက်ခံခဲ့ရတဲ့ အောင်ရင် Movie Stars - Celebrity ธ.ค. 28, 2563view 152,370
မသေခင် တစ်ခေါက်လောက်တော့ ကျွန်တော့်ဆီလာတွေ့ပေးကြပါလို့ ဆိုလိုက်တဲ့ လူရွှင်တော်ကြီး ဦးစိန်ရိုး Movie Stars - Celebrity ธ.ค. 23, 2563view 153,127