1. Home
  2. Movie Stars - Celebrity

အချစ်ဇာတ်လမ်းတွဲတွေမှာ Im Siwon တွဲဖက်သရုပ်ဆောင်လိုတဲ့ မင်းသမီးများ စာရင်း

Movie Stars - Celebrity ต.ค. 03, 2562 view 2,034

တောင်ကိုးရီးယားနိုင်ငံရှိ ပျိုတိုင်းကြိုက်တဲ့ မင်းသားချောလေး Im Siwon ဟာ ပြီးခဲ့တဲ့ လတ်တလော OCN Drama မှာထုတ်လွှင့်ပြသနေတဲ့ strangers from hell ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲဟာ Siwon စစ်မှုထမ်းပြီး ပထမဆုံး ပြန်လည်ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။


Siwon အောက်တိုဘာ ၂ ရက်နေ့မှာ Strangers from hell မှ သရုပ်ဆောင်များနဲ့အတူ အင်တာဗျူးတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးမှာ Siwon က ရိုမန်တစ် အချစ်ဇာတ်လမ်းမျိုးမှာ သရုပ်ဆောင်ဖူးချင်ကြောင်း ပြောပြလာပါတယ်။

 


“ကျွန်တော့်ဘက်က အချစ်ဇာတ်လမ်းတွေကို တမင်ရှောင်နေတာတော့ မဟုတ်ပါဘူး။ အချစ်ဇာတ်လမ်းတွေက ကျွန်တော့်ဆီရောက်မလာတာပါ။ ဟာသကားမျိုးဆိုလဲ ရတယ်ဘယ်လိုပဲဖြစ်ဖြစ် အချစ်ဇာတ်လမ်း ခပ်မြူးမြူးလေးမှာလဲ ဝင်ပြီး သရုပ်ဆောင်ကြည့်ချင်တယ်။” ဆိုပြီးပြောပြလာပါတယ်။


တစ်ဖန် အင်တာဗျူးတဲ့သူက Siwon ကို အချစ်ဇာတ်လမ်းမှာ အတူတွဲဖက်သရုပ်ဆောင်လိုတဲ့မင်းသမီး ရှိလား ဆိုပြီး မေးမြန်းတဲ့အခါ Siwon က “ရှိပါတယ် အများကြီးပဲ၊ Kim Hee Sun, Gong Hyo Jin, Han Ji Min တို့လို စီနီယာတွေနဲ့ သရုပ်ဆောင်ကြည့်ချင်တယ်။ Park Bo Young နဲ့အတူ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ရရင်လဲ မဆိုးဘူးလို့ထင်တယ်။” ဆိုပြီး ပြောပြသွားပါတယ်။

 

 


Siwon ရွေးချယ်ပြသွားတဲ့ မင်းသမီးတွေက တော့ပ်စတားတွေဖြစ်သလို ဇာတ်လမ်းတွဲတွေမှာ အရမ်းရိုလွန်းတဲ့ မင်းသမီးတွေဆိုတာ ကြည့်ဖူးသူတိုင်းသိကြမှာပါ။ သူတို့ထဲက တစ်ယောက်ယောက်နဲ့ Siwon သရုပ်ဆောင်တဲ့ ဇာတ်ကားကို အက်မင်လဲအမြန်ဆုံး ကြည့်ချင်နေပါပြီ။
Ref:allkpop
(ပိုပိုလေး)
 



Follow us on