The Rock မင်းသားကြီး Dwayne Johnson ဟာ အသက် (၁၀၀) ပြည့်ခဲ့တဲ့ သူရဲ့ပရိတ်သတ် အဘွားအိုတစ်ဦးကို မွေးနေ့ဂုဏ်ပြုသီချင်းနဲ့ ဆုတောင်းစကား ပြောဆိုခဲ့ပါတယ်။ အောက်တိုဘာလ (၂ ) ရက်နေ့ဟာ Marie Grover ရဲ့ အသက် (၁၀၀) ပြည့်မွေးနေ့ဖြစ်ပါတယ်။ ဒီအဘွားဟာ မင်းသားကြီး Dwayne Johnson ရဲ့ အမာခံပရိတ်သတ်တစ်ဦး ဖြစ်ပါတယ်။ ဒီအကြောင်းကိုကြားသိခဲ့တဲ့ The Rock ဟာ သူမကို ပျော်ရွင်စေဖို့အတွက် သူမရဲ့ အသက် (၁၀၀)ပြည့် မွေးနေ့ဂုဏ်ပြုသီချင်းနဲ့ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
ဒီဗီဒီယို ဖိုင်လေးကို Marie Grover ထံပေးပိုခဲ့ပါတယ်..။ ဒီဗီဒိယို ဖိုင်လေးကို ဖွင့်ကြည့်စဉ်မှာတော့ အဘွားအို Marie Grover ဟာ အားရဝမ်းသားစွာနဲ့ “The Rock ပဲ” လို့ပြောဆိုခဲ့ပါတယ်..။ ဒီဗီဒီယို ဖိုင်ထဲမှာတော့ မင်းသားကြီးက သူမကို ဟက်ပီဘက်ဒေးသီချင်းကို သီဆိုပြခဲ့ပြီး အဘွား Marie Grover ဟာသူရဲ့ပရိတ်သတ် တစ်ဦး ဖြစ်တဲ့အတွက် ဂုဏ်ယူမိကြောင်း ၊နောက် “မွေးနေ့မှာ ပျော်ရွှင်ပါစေ” ဆိုပြီး ဆုတောင်းစကားပြောခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက် မင်းသားက “ ခင်ဗျားက ကျနော့်ရဲ့ အမာခံ ပရိသတ်တယောက်လို့ ကြားသိထားရတယ်။ ခင်ဗျားက ကျနော့် ပရိသတ်တယောက်ဖြစ်လို့ အရမ်းဂုဏ်ယူမိတယ်။ ဖိလစ်ဒါးဖီးယားမှာ နေတယ်လို့ ယုံကြည်တယ်။ ကျနော် ဖိလစ်ဒါးဖီးယားကို ချစ်တယ်။ အသက် ၁၀၀ ပြည့်အတွက် အချစ်တွေ အများကြီးနဲ့ ဂုဏ်ပြုပါတယ် ..။” လို့ ပြောဆိုခဲ့ပါတယ်။
အဆိုပါ ဗီဒီယိုဖိုင်လေးကို အဘွားရဲ့အသိတစ်ယောက်က တွက်တာစာမျက်နှာပေါ်မှာတင်ခဲ့ပြီး မင်းသားကြီးက သူရဲ့ လူမှုစာမျက်နှာပေါ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။
မင်းသားကြီး The Rock က “Happy Birthday ပါ Marie Grover ..။ ဒါလေးကို ကြည့်ရတာ ကြည်နူးလိုက်တာ..။ ပျော်ရွယ်ဖွယ်ရာ နှစ်တရာပြည့်လေးပါ..။ ကျွန်တော့ ပရိတ်သတ်တစ်ယောက်ဖြစ်လို့ ဂုဏ်ယူမိပါတယ်..။ အချစ်တွေများကြီးနဲ့ The Rock ”နောက် “သူမက ကိတ်တွေလည်းစားတယ်..။ အအေးတွေလည်း သောက်တယ်..။ တစ်ကယ်ကို ကြည်နူးမိတယ်ဗျာ..” လို့ ပြောခဲ့ပါတယ်..။
ဒီလုပ်ရက်လေးဟာ The Rock မင်းသားကြီး Dwayne Johnson ရဲ့ချစ်စရာကောင်းတဲ့ အပြုအမူလေးဖြစ်ပါတယ်..။