1. Home
  2. Movie Stars - Celebrity

လူမျိုးရေးဝါဒ ကြီးစိုးတဲ့ ဆော်ဒီအာရေဗျမှာ ဖျော်ဖြေရေးပွဲ သွားရောက်ကျင်းပမယ့် BTS

Movie Stars - Celebrity ต.ค. 07, 2562 view 2,007

ကမ္ဘာကျော် Kpop အဆိုတော်အဖွဲ့ BTS ဟာ ဆိုရင် အရှေ့အာရှနိုင်ငံတွင်မသာမက အနောက်နိုင်ငံတွေအထိ ပေါက်မြောက်အောင်မြင်တဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။

 


BTS ဟာ အမေရိကနဲ့ အနောက်ဥရောပနိုင်ငံတွေမှာ ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီတစ်ခါမှာတော့ BTS ဟာ အာရပ်စော်ဘွားတို့ တည်ရှိရာ ဆော်ဒီအာရေဗျ ကိုသွားရောက်ဖျော်ဖြေရမှာပဲဖြစ်ပါတယ်။

 


ဆော်ဒီအာရေဗျဟာ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ နိုင်ငံဖြစ်ပြီး လိင်တူချင်း ချစ်ခင်စုံမက်တာ၊ လက်ထပ်တာတွေကို ပြင်းပြင်းထန်ထန်တားမြစ် ကန့်ကွက်ထားတဲ့ နိုင်ငံတစ်နိုင်ငံလဲဖြစ်ပါတယ်။
"ဟောလိဝုဒ် အမျိုးသမီး ရက်ပ်ပါ Nicki Minaj ဆိုရင် LGBT နဲ့ အမျိုးသမီးအခွင့်အလမ်းကို ထောက်ခံအားပေးလိုတာကြောင့် ဆော်ဒီအာရေဗျမှာ လုပ်မယ့် ဖျော်ဖြေပွဲကို သူမကိုယ်တိုင် ဖျက်သိမ်းလိုက်ရပါတယ်။ ဆော်ဒီအာရေဗျမှာ အမျိုးသမီးအခွင့်အလမ်းနဲ့ LGBT ထောက်ခံအားပေးသူတွေကို ပြစ်မှုတစ်ခုလို ရှုံ့ချတာကြောင့်ပဲဖြစ်ပါတယ်။"

 


ဆော်ဒီအာရေဗျမှာ သွားရောက် ဖျော်ဖြေရမှာနဲ့ ပတ်သတ်ပြီး BTS အဖွဲ့ဝင် Rap Monster နဲ့ Jimin တို့က သူတို့ရဲ့ စိတ်ခံစားချက်တွေကို မီဒီယာကတစ်ဆင့်ပြောပြလာပါတယ်။
RM - “ကျွန်တော်တို့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဖျော်ဖြေရေးလုပ်နေတဲ့ အချိန် အတောအတွင်းမှာပဲ ကျွန်တော်တို့အဖွဲ့ကို သူတို့နိုင်ငံမှာ တရားဝင် လာရောက်ဖျော်ဖြေပေးဖို့ ဖိတ်ကြားခဲ့ကြတာပါ။”


Jimin – “အရိုးရှင်းဆုံး ပြောရမယ်ဆိုရင် BTS ကို တွေ့ချင် မြင်ချင်တဲ့ ပရိတ်သတ်တွေ ရှိတဲ့နေရာတိုင်း၊ ဘယ်လိုနေရာပဲဖြစ်ဖြစ် အရောက်သွားပေးဖို့ ဝန်မလေးပါဘူး။ ဒါ ကျွန်တော်တို့ဘက်က ပရိတ်သတ်အပေါ်ထားတဲ့ ခံစားချက်ပါ။” ဆိုပြီး ပြောပြသွားပါတယ်။


BTS အဖွဲ့ ဆော်ဒီအာရေဗျနိုင်ငံရှိ King Fahd International Stadium မှာ ဖျော်ဖြေပွဲ ကျင်းပသွားမှာဖြစ်ပြီး ဒါဟာ ဆော်ဒီအာရေဗျ သက်တမ်းတစ်လျှောက်မှာရော Kpop သက်တမ်းတစ်လျှောက်မှာပါ ပထမဆုံးဖြစ်ပေါ်လာတဲ့ ထူးခြားဖြစ်စဉ်တစ်ခုပါ။ BTS ဟာ King Fahd International Stadium မှာ ပထမဆုံး သွားရောက်ဖျော်ဖြေဖူးတဲ့ Kpop အဆိုတော်အဖွဲ့ ဖြစ်လာတော့မှာ အမှန်ပါပဲ။

 


Ref:koreaboo
(ပိုပိုလေး)


 



Follow us on