1. Home
  2. Boxing

ဘရန်ဒန် ဗီရာကို ငါးချီအတွင်းအလဲထိုးသွားမယ့် အောင်လအန်ဆန်

Boxing ต.ค. 07, 2562 view 1,719
လာမည့် အောက်တိုဘာလ (၁၃) ရက်နေ့ ၊ ယခုလာမည့် တနင်္ဂနွေနေ့မှာ One Championship ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်နဲ့ ဘရန်ဒန် ဗီရာတို့ဟာ Light Heavy Weight ချန်ပီယံဆုအတွက် ဂျပန်နိုင်ငံ ၊ တိုကျိုမြို့မှာ ထိုးသတ်သွားတော့မှာဖြစ်ပါတယ်..။ အဆိုပါ ပွဲဟာ One Championship ပြိုင်ပွဲမှာ ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ပွဲဖြစ်လာမှာဖြစ်ပြီး မြန်မာတွေအတွက်လည်း အထူးဂုဏ်တက်စေမယ့် ပွဲကောင်းတစ်ပွဲပဲ ဖြစ်ပါတယ်..။
 
ဘရန်ဒန် ဗီရာနဲ့ထိုးသတ်မယ့်ပွဲမှာတော့ အောင်လအန်ဆန်က ” ကျွန်တော် သူ့ကို ငါးချီအတွင်း အလဲထိုးနိုင်မယ်လို့ ယုံကြည်ပါတယ် ။ ဘရန်ဒန် ဗီရာနဲ့ကျွန်တော်က ကစားပုံတူတွေဖြစ်ကြပြီး ကျွန်တော်ကတော့ သူထက် ပိုပြီးစိတ်အားထန်သန်တယ်လို့ ဆိုပါတယ်။ ဘရန်ဒန် ဗီရာရဲ့ အားသားချက်က ဘာလဲဆိုတော့ သူက ကျွန်တော်ထက်ပိုပြီး အရပ်ပိုရှည်တယ်..။ ခြေတန်ရှည်တယ် လက်တန်ရှည်တယ် ပါဝါလည်း အများကြီးရှိတယ်..။  “  
 
“ ဒါပေမယ့် ဒီပွဲမှာကျွန်တော် သူ့ကို pressure ပေးတိုက်သွားမှာဖြစ်ပါတယ်..။ ဒီပွဲကစားဖို့အတွက် (၆) လကျော် ပြင်ဆင်ခဲ့ကြပါတယ်..။ ခန္ဓာကိုယ်လည်း ဝိတ်တင်ထားတယ်..။ ကိုယ်ကိုယ့်ကို အားရကျေနပ်မှု ရှိနေပါတယ်။ ဒီပွဲအတွက် ၁၀၀% အပြည့်အဝ ယုံကြည်မှုရှိနေပါတယ် ” လို့ပြောကြားခဲ့ပါတယ်..။
 
ဘရန်ဒန် ဗီရာဟာ အရင်က UFC  ၊ BEC တို့မှာ ကစားထားဖူပြီး One Championship မှာလည်း ရှုံးပွဲမရှိသေးတဲ့ ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ မြန်မာဂုဏ်ဆောင် အောင်လအန်ဆန်တစ်ယောက် One Championship သမိုင်းမှာ မှတ်တမ်းတင်နိုင်ဖို့ ဘရန်ဒန် ဗီရာကို အလဲထိုးအနိုင်ယူသွားနိုင်မလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်..။
 


Follow us on