1. Home
  2. Special or Others

Lebanese ကွန်မန်ဒိုစစ်သားများ၏ စွမ်းရည်ပြပွဲ

Special or Others ก.ย. 11, 2558 view 1,720

အင်္ဂလန်နိုင်ငံ( Daily Mail )မှ စက်တင်ဘာလ ၉ရက်နေ့ သတင်းအရ Lebanese မြို့တော် Beirut တွင်ကျင်းပသော လုံခြုံရေး ပွဲတော်တွင်ကွန်မန်ဒို စစ်သားများမှ သူတို့၏ အံ့သြဖွယ် စွန့်စားသော အတတ်ပညာများကိုပြသကြသည်။ ယင်းတို့ထဲတွင် အံ့သြဖွယ် အကောင်းဆုံး စိန်ခေါ်မှုမှာ မြွေအရှင်အား သွားဖြင့် ကိုက်ဖြတ်၍ စားကြခြင်း ဖြစ်သည်ဟု သိရှိရသည်။Lebanese ရှိစစ်သားများမှာ နှစ်စဉ်လေ့ကျင့်မှု ပြီးဆုံးတိုင်း ထိုအခမ်းအနားအား ကျင်းပလေ့ရှိပြီး ကွန်မန်ဒိုစစ်သားများသည် မြွေအရှင်အားဖမ်းမိပြီး နောက်ခေါင်းနှင့် အမြီးအားလက်နှင့် ဖမ်း၍ဦးခေါင်းကို အတင်းကိုက်ဖဲ့ဖျက်စီးကာ စားသောက်ကြသည်။၎င်းကဲ့သို့သောမြွေအရှင်စားခြင်း ဓလေ့မှာ “လူတွေကမြွေအရှင်ခေါင်းအား ကိုက်ဖြတ်နိုင်မှသာလျှင် ကိုယ့်၏အစွမ်းထက်မှုကို သက်သေပြနိုင်သည်” ဟူသော ရှေးကျသော အာရပ်စကားပုံတစ်ခု မှစတင်ခဲ့ခြင်းဖြစ်သည်ဟုသိရှိရသည်။ကြောက်မက်ဖွယ်ကောင်းသော မြွေအရှင်များအား ကိုက်ဖြတ်စားသုံးခြင်းစိန်ခေါ်မှုအပြင် အချို့ကွန်မန်ဒိုစစ်သားများမှာခက်ခဲသော အမြင့်မှအနိမ့်သို့တောင်ဆင်းရသော Zip Wire ဖြင့်တန်းရိုက်ကူးဆင်းရသောနည်းများ ၊ ကြိုးလုံးကြီးဖြင့် ကုန်တင်ကားဆွဲခြင်းသယ်ယူပို့ဆောင်ရေးစစ်ကားဆွဲခြင်းများအားလည်း ပြသ၍ကိုယ်၏အင်အားကြီးမားမှုအားပြသခဲ့ကြကြောင်းသိရှိရသည်။ #THITHTOOLWIN.COM#



Follow us on