ဇာတ်လမ်းတွဲကြိုက်နှစ်သက်သူ မြန်မာပရိတ်သတ်တွေရဲ့ အသည်းဦးလို့ တင်စားရတဲ့ သရုပ်ဆောင် ဆောင်းဟယ်ကျိုက လူမှုကွန်ယက်မှာ သူမအကြောင်းနဲ့ ပတ်သတ်ပြီး မဟုတ်မမှန် သွားပုပ်လေလွှင့် ရေးသားသူနှစ်ဦးကို တရားစွဲဆိုထားပါတယ်။
ဆောင်းဟယ်ကျို အမှုဖွင့်ထားတဲ့ Bundang ရဲစခန်းမှ အောက်ပါအတိုင်း ကြေညာချက်ထုတ်ပြန်လာပါတယ်။
တောင်ကိုးရီးယား မီဒီယာတွေမှာဖော်ပြချက်အရ ဆောင်းဟယ်ကျို အေဂျင်စီဟာ အင်တာနက်မှာ ဆောင်းဟယ်ကျိုအကြောင်း အမုန်းစကားရေးသားသူ ၁၅ ဦးကို တရားစွဲဆိုထားကြောင်းသိရပါတယ်။ အဆိုပါ ၁၅ ဦးထဲကမှ ၂ ဦးကိုသာ ရှာဖွေတွေ့ရှိနိုင်ခဲ့ပြီး ကျန် ၁၃ ဦးကတော့ သူတို့ရဲ့ အကောင့်တွေကို deactivate လုပ်သွားတာကြောင့် တရားစွဲဆိုခံရခြင်းမှ လွတ်သွားတယ်လို့ သိရှိရပါတယ်။
တောင်ကိုးရီးယားမှာ အနုပညာရှင်တွေကို အင်တာနက်ကနေတစ်ဆင့် အမုန်းစကားပြောဆိုသူတွေများပြားလာတာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ကိစ္စရပ်မျိုးတွေ ရှိလာပါတယ်။ ဆောင်းဟယ်ကျိုအနေနဲ့ အမုန်းစကားနဲ့ ဝေဖန်ပြောဆိုသူတွေရန်က အခုလို ကာကွယ်ထားတာဟာ လုပ်ကိုလုပ်သင့်တဲ့ကိစ္စရပ်တစ်ခုလို့ စာရေးသူအနေနဲ့ ထင်မှတ်မိပါတယ်။
ref:koreaboo
(ပိုပိုလေး)