1. Home
  2. Special or Others

စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုပြီး ခွေးတွေအတွက် အိမ်လေးတွေ ပြုလုပ်ပေးခဲ့တဲ့ ကလေးငယ်များ

Special or Others ต.ค. 17, 2562 view 2,089

မက္ကဆီကိုနိုင်ငံ ၊ Zacatecas Educational Institute က ကျောင်းသားငယ်လေးတွေဟာ ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေကို ပြန်လည် အသုံးပြုပြီး လမ်းလေး အလေအလွင့်ခွေးတွေ နေထိုင်ဖို့အတွက် ဆောင်လုပ်ပေးခဲကြပါတယ်။

ဒီ ပရောဂျက်ကို အဆိုပါကျောင်းမှ ဆရာတွေရဲ့လမ်းညွန်ပြသမှုနဲ့ ကျောင်းသားငယ်လေးတွေဟာ နိုးနိုးကြားကြား တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပရောဂျက်မှာ အဖွဲတစ်ဖွဲချင်းစီမှာ ကလေးငယ် (၅) ဦးစီပါဝင်ပါတယ်။ အခုလို ပြုလုပ်ရခြင်းဟာ ကလေးငယ်တွေဟာ ကိုယ်ချင်းစာစိတ်နဲ့ စာနာထောက်ထားတဲ့ အကျင့်ရှိစေဖို့ ရည်ရွယ်ပြီး ဆရာတွေက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ၇၀ % သော ခွေးတွေဟာ အလေအလွင့်ခွေးတွေဖြစ်ကြပါတယ်။ ဒီလို အလေအလွင့်ခွေးတွေဟာ လေဒဏ် ၊ မိုးဒဏ် ကြုံလာတဲ့အခါ နေထိုင်စရာ အခက်အခဲကြုံကြရပါတယ်။ ဒါကြောင့် ခွေးတွေကို လေဒဏ် ၊ မိုးဒဏ် ခံနိုင်ပြီး အကာအကွယ်ရှိတဲ့​ နေရာတစ်နေရာလေးရဖို့ အတွက် စွန့်ပစ်ပစ္စည်းတွေ ၊  အကျီအဟောင်းတွေ နဲ့ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုအိမ်လေးတွေကို ဆောင်လုပ်ပြီးစီးသွားရင် အလေအလွင့်ခွေးတွေကို ထိန်းသိမ်းစောက်ရှောက်တဲ့ Albergues Lazos Caninos Animal Shelter ဂေဟာမှာ လှူဒါန်းသွားမှာဖြစ်ပါတယ်။ အခုလို ကလေးငယ်တွေကို ပရောဂျက်လေးတွေကို ပြုလုပ်စေတဲ့ ရည်ရွယ်ချက်ကတော့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ ပြန်လည်အသုံးပြုတတ်စေဖို့ နဲ့ကိုယ်ချင်းစာစိတ်နဲ့ စာနာတရား ရှိစေဖို့ ရည်ရွယ်တယ်လို့ ဆရာတစ်ဦးက ဆိုပါတယ်။



Follow us on