1. Home
  2. Movie Stars - Celebrity

မသေခင်တုန်းက အမုန်းစာသားရေးသူတွေကို တရားစွဲပေးဖို့ အေဂျင်စီကိုတောင်းဆိုခဲ့ဖူးတဲ့ Sulli

Movie Stars - Celebrity ต.ค. 17, 2562 view 1,622

Kpop အဆိုတော် Sulli ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့၊ နေအိမ်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ပြီးဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ရပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ ဘူဆန်သတင်းမီဒီယာပြောကြားချက်အရ Sulli ဟာ အမုန်းစကား ရေးသားသူလူတစ်စုကို တရားစွဲပေးဖို့ အေဂျင်စီကို တောင်းဆိုဖူးကြောင်းသိရပါတယ်။ "Sulli ဟာ ကော်မန့်တွေထဲ အမုန်းစကား လာရောက်ရေးသားသူတွေကြောင့် စိတ်ပိုင်းဆိုင်ရာတွေ ရှိခဲ့ပါတယ်။ အခုလို ကော်မန့်ရေးသားတဲ့ လူတစ်စုကို တရားစွဲပေးဖို့ သူမ အေဂျင်စီဖြစ်တဲ့ SM Entertainment ကိုတောင်းဆိုခဲ့ဖူးပါတယ်။" ဆိုပြီး သတင်းမှာ ကြေညာချက်ထုတ်ပြန်လာပါတယ်။

Sulli ဟာ အေဂျင်စီကို တရားစွဲဆိုပေးဖို့ တောင်းဆိုပြီးနောက်ပိုင်း SM Entertainment က ကော်မန့်ရေးသားသူတွေကို ၂၀၁၈ မှာ အမှုဖွင့်ပေးခဲ့ပါတယ်။  အမုန်းစကားပြောဆိုသူတွေရဲ့ IP address အလိုက် ရဲတွေက စုံစမ်းခဲ့ပေမယ့်  နိုင်ငံရပ်ခြားက ဖြစ်တာကြောင့် တရားမစွဲဆိုနိုင်ပဲ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

 

အခုဆိုရင် အနုပညာအေဂျင်စီတွေအနေနဲ့ အရင်ကထက်ပိုပြီး သတိထားဖို့လိုအပ်နေတာကြောင့် ညှိနှိုင်းမှုတွေ အများကြီး လုပ်နေရတယ်လို့ အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

 

Sulli  ၂၀၁၅ ဩဂုတ်လ ၇ ရက်နေ့မှာ F(x) အဖွဲ့က ထွက်ပြီးတဲ့ အချိန်ကစလို့ အခုလို ဝေဖန်ပြောဆိုတာတွေကို ခံခဲ့ရတာပဲဖြစ်ပါတယ်။ ၄ နှစ်တာအတောအတွင်း တောင့်ခံနေခဲ့ပေမယ့် မခံနိုင်တော့တဲ့အဆုံး သူမကိုယ်သူမ အဆုံးစီရင်သွားခဲ့ပါတယ်။

ref:allkpop

(ပိုပိုလေး)

 

 





 



Follow us on