1. Home
  2. Myanmar News

ကမ္ဘာ့အလှူဒါန အရက်ရောဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံ (၅) နှစ်ဆက် ရပ်တည်

Myanmar News ต.ค. 17, 2562 view 1,826

ဗြိတိန် အခြေစိုက် ပရဟိတအဖွဲ့အစည်းတခုဖြစ်တဲ့ Charities Aid Foundation (CAF)က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလှူဒါန အရက်ရောဆုံးနိုင်ငံအညွှန်းကိန်း(World Giving Index)မှာ ထိပ်ဆုံးမှ ရပ်တည်နေတယ်လို့ သိရပါတယ်။

ကမ္ဘာ့အလှူဒါန အရက်ရောဆုံးလို့ သတ်မှတ်ရာမှာ ၊ ပေးကမ်းလှူဒါန်းခြင်း ၊ ကူညီခြင်း ၊ စေတနာ ဝန်ထမ်းပြုလုပ်ခြင်း စအတဲ့ အခြေခံ (၃) ချက်အပေါ်မှာ တွက်ချက်တာဖြစ်ပါတယ်။ စစ်တမ်းကောက်ယူတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Charities Aid Foundation (CAF) က ၁၉၇၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၂၈ နိုင်ငံမှ လူဦးရေ ၁ ဿမ ၃ သန်းကို ကောက်ယူတာဖြစ်ပြီး မြန်မာနိုင်ငံဟာ ၈၁ ရာခိုင်နှုန်းနဲ့ ထပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနောက် ဒုတိယနေရာမှာတော့ ဗြိတိန်၊ မော်လ်တာ၊ ထိုင်းနဲ့ နယ်သာလန်နိုင်ငံ တွေက ၇၁ ရာခိုင်နှုန်းနဲ့ အစဉ်လိုက်ရပ်တည်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ လူအများစု နေထိုင်တဲ့ နိုင်ငံဖြစ်ပြီး ပေးကမ်းစွန့်ကြဲခြင်း (ဒါန) ကို ဘာသာဓလေ့ထုံးတမ်း အရ ပြုလုပ်ကြပါတယ်။ ဗုဒ္ဓဘာသာဟာ ဒီဘဝမှာ ကောင်းတဲ့ အလှူဒါနကုသိုလ်ကောင်းမှု ပြုရင် နောက်ဘဝမှာ ကောင်းတာတွေ ခံစားရမယ်လို့ ယုံကြည်ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အစီရင်ခံစာထဲမှာတော့ ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ အများစုနေထိုင်ပြီး ပေးကမ်းစွန့်ကြဲတာတွေကို ဘာသာဓလေ့ထုံးတမ်း အရ လက်တွေ့ကျင့်သုံးခဲ့ကြတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ဖွံဖြိုးမှုအားနည်းတဲ့ နိုင်ငံစာရင်းမှာ ပါဝင်ပေမယ့် ကမ္ဘာ့ပေးကမ်းလှူဒါန်းမှု အညွန်းကိန်းမှာ နံပါတ် ၁ အဖြစ် သတ်မှတ်ခံခဲ့ရတာ ၅ နှစ်ဆက် တိုက် ရပ်တည်နိုင်ခဲတယ်လို့ သိရပါတယ်။

Ref; Forbes



Follow us on