"coffee prince" ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးလာတဲ့ သရုပ်ဆောင် Gong Yoo ကိုတော့ မြန်မာပရိတ်သတ်ကြီးနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ Gong Yoo ကို "Train To Busan" မင်းသားလို့ သိကြသလို "Goblin" မင်းသားဆိုပြီးတော့လည်း သိကြပါတယ်။
၂၀၁၆ မှာ ထုတ်လွှင့်ခဲ့တဲ့ Goblin ဇာတ်လမ်းတွဲဟာ အရမ်းပေါက်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားမှာ Gong Yoo မှင်စာအဖြစ် သရုပ်ဆောင်တာကို ပရိတ်သတ်တော်တော်များများ အကြိုက်တွေ့ခဲ့ကြပါတယ်။ မင်းသမီးလေး Kim Go Eun ကိုလဲ ပရိတ်သတ်တွေ ကြိုက်နှစ်သက်ခဲ့ကြပြီး သူတို့နှစ်ယောက်ကို လူအများစုကတောင် ship ခဲ့ကြပါသေးတယ်။
Goblin ဇာတ်ကားဟာ အရမ်းနာမည်ကြီးပြီး အရမ်းပေါက်သွားတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် ထုတ်လွှင့်ပြသပြီးတဲ့ အချိန်မှာတောင် သရုပ်ဆောင်တွေဟာ အနားမယူခဲ့ရပါဘူး။ ဇာတ်လမ်းတွဲနဲ့ ပတ်သတ်တဲ့ ပရိုမိုးရှင်းပွဲတွေ အင်တာဗျူးတွေ၊ ကုန်ပစ္စည်းကြော်ငြာတွေ ဆက်တိုက်လုပ်နေခဲ့ရပါတယ်။
ဒါကြောင့် Gong Yoo တစ်ယောက် Goblin နဲ့ ပရိုမိုးရှင်းပွဲတွေ ပြီးသွားတဲ့နောက်မှာတော့ ၂ နှစ်ဆက်တိုက် ရုပ်ရှင်မရိုက်ဘဲ အနားယူနေခဲ့ပါတယ်။ Goblin ဇာတ်လမ်းတွဲနဲ့ ပတ်သတ်ပြီး သူ့ခံစားချက်တွေကို အင်တာဗျူးတစ်ခုမှာ ပြောပြလာပါတယ်။
"Goblin ရိုက်ပြီးပြီးချင်း ကျွန်တော်သိလိုက်ရတာက ကျွန်တော် တော်တော်လေး ပင်ပန်းနေပြီဆိုတာပဲ။ ပရိုမိုးရှင်းပွဲတွေအတွက် ပြည်တွင်းမှာရော ပြည်ပမှာပါ ပွဲတွေ ဆက်တိုက်တက်နေခဲ့ရတယ်။
တော်တော်လေးလဲ ပင်ပန်းခဲ့တာကြောင့် အချိန်ကြာကြာအနားယူဖို့ ဆုံးဖြတ်လိုက်ရတယ်။ ကျွန်တော်နောက်ကားတွေရိုက်ဖို့ အားမွေးဖို့လိုသေးတယ်လေ၊ ကျွန်တော်က အဲ့လိုပဲ အလုပ်အရမ်းကြိုးစားပြီးရင် အနားယူပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဆုချလေ့ရှိတယ်" ဆိုပြီး ပြောပြသွားပါတယ်။
Gong Yoo ဟာ ၂နှစ်ကြာ အနားယူပြီးနောက်မှာတော့ နာမည်ကြီး ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ Kim Ji Young,born 1982 ဇာတ်ကားနဲ့ ပရိတ်သတ်ရှေ့ကို တစ်ဖန် ပြန်လည်ရောက်ရှိလို့လာပါပြီ။ ၂ နှစ်ကျော်အကြာမှ ပြန်လည်ရိုက်ကူးတဲ့ ဦးလေးကြီးရဲ့ ရုပ်ရှင်ကား ကတော့ စိတ်ဝင်စားဖွယ်အတိ ဖြစ်နေမှာအမှန်ပါပဲ။
ref:koreaboo
(ပိုပိုလေး)